Pages

Pages

ကျွန်းလှမြို့၌ မိုးလုံလေလုံ အားကစားရုံ တည်ဆောက်မှု ရာနှုန်းပြည့်ပြီးစီး


MNP - ဖေဖော်ဝါရီ     ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ရွှေကျွန်းမြေ အားကစားကွင်းအတွင်း တည်ဆောက်သော မိုးလုံလေလုံ အားကစားရုံတည်ဆောက်မှု ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရသည်။

အဆိုပါ အားကစားရုံ အလျား ၁၂၀၊ အနံ ၉၀၊ အမြင့် ၃၆ ပေ Steel Structure တစ်ထပ် အဆောက်အဦးနှင့် သစ်သားကြမ်းခင်း အားကစားကွင်း၊ VIP ပွဲကြည့်စဉ်၊ ရိုးရိုးတန်းပွဲကြည့်စဉ်၊ အဝတ်လဲခန်းနှစ်ခန်းတို့ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၂၉၆ ဒသမ ၁ သန်းဖြင့် တင်ဒါအောင် သီဟပိုင်ကုမ္ပဏီက တာဝန်ယူ တည်ဆောက်ခဲ့ကြောင်း မြို့နယ်အားကစားမှူး ဒေါ်နွယ်နွယ်ထွန်းက ပြောကြားသည်။

သတင်း - မျိုးဝင်းညို 

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment