Pages

Pages

မြို့နယ်သမဝါယမအသင်းစုနှင့် ဆင်စွယ်ပွတ်ရောင်းဝယ်ရေး သမဝါယမ (လီမိတက်) တို့ပူးပေါင်း၍ အသင်းသား၊ အသင်းသူများအား ထောက်ပံ့ပစ္စည်းများပေးအပ်


MNP - ဖေဖော်ဝါရီ    ၄

အမရပူရမြို့နယ် မြို့နယ်သမဝါယမအသင်းစုနှင့် ဆင်စွယ်ပွတ်ရောင်းဝယ်ရေး သမဝါယမ (လီမိတက်) တို့ပူးပေါင်း၍ အသင်းသား၊ အသင်းသူများအား ထောက်ပံ့ပစ္စည်းများပေးအပ်ခြင်းကို ဖေဖော်ဝါရီလ(၂)ရက် နေ့လယ် (၁၂)နာရီအချိန်က ဆင်စွယ်ပွတ်ရပ်ကွက် ကြေးလက်ဆက်ဘုရား ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဟိန်းစစ်ကျော်၊ မြို့နယ်သမဝါယမအသင်းစု ဥက္ကဋ္ဌ ဦးသန်းထွန်း၊ ဆင်စွယ်ပွတ်ရောင်းဝယ်ရေး သမဝါယမ (လီမိတက်) ဥက္ကဋ္ဌ ဦးမောင်မောင်သောင်းနှင့် အဖွဲ့ဝင်များက အသင်းသားတစ်ဦးလျှင် ဆန်(၁) ပြည်၊ ကြက်ဥ(၁၀)လုံး တို့ဖြင့် အသင်းသားအသင်းသူ ( ၁၉၈ )ဦးတို့အား လက်ဝယ်အရောက် ပံ့ပိုးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - တင်တင်လှ 

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment