Pages

Pages

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ လှူဒါန်းသည့် Yuwell YH-830 BiPAPs အောက်ဆီဂျင် အသက်ရှုစက်အား သံတွဲခရိုင် ပြည်သူ့ဆေးရုံသို့ လွဲပြောင်းလှူဒါန်း

 


MNP - ဖေဖော်ဝါရီ     ၄

မြန်မာနိုင်ငံကြက်ခြေနီ အသင်းမှလှူဒါန်းသည့် Yuwell YH-830 BiPAPs အောက်ဆီဂျင် အသက်ရှုစက်အား သံတွဲခရိုင် ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းလှူဒါန်းခြင်းကို ယမန်နေ့ မွန်းလွဲ  ၁၂ နာရီခွဲက အဆိုပါဆေးရုံ အစည်းအဝေး ခန်းမ၌ ကျင်းပပြလုပ်ခဲ့သည်။

အဆိုပါလွှဲပြောင်း လှူဒါန်းပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ဝင်းဗိုလ်က အမှာစကားပြောကြားပြီး ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးသန်းထွန်းက Yuwell YH-830 BiPAPs အောက်ဆီဂျင် အသက်ရှုစက်အား ထပ်ဆင့်လွှဲပြောင်း လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးသန်းထွန်းက စက်အား လွှဲပြောင်းပေးအပ်ရာ ခေတ္တဥက္ကဋ္ဌ ဒုတိယ ဗိုလ်မှူးကြီး ဝင်းဗိုလ်၊ ခရိုင်ဆရာဝန်ကြီး ဒေါက်တာ ရဲဝင်းထွန်း၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် ဒေါက်တာ စိုးမြင့်တို့က လက်ခံရယူကြပြီး ခရိုင်ဆရာဝန်ကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ထိုသို့လှူဒါန်းခြင်းမှာ ASEAN AHA Center အစီအစဉ်ဖြင့် Singapore Temasek Foundation မှ မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းသို့ လှူဒါန်းသည့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများကို ကြက်ခြေနီ အသင်းကိုယ်စား တိုင်းဒေသကြီး ပြည်နယ် ခရိုင်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီများက သက်ဆိုင်ရာ ဆေးရုံများသို့ ကိုဗစ်-၁၉ရောဂါ တိုက်ဖျက်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ထပ်ဆင့်လှူဒါန်းခြင်း ဖြစ်ကြောင်း ခရိုင် ကြက်ခြေနီ ကြီးကြပ်မှု ကော်မတီ အတွင်းရေးမှူး ဦးသန်းထွန်းထံမှ သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment