Pages

Pages

တာမိုးညဲမြို့၌ သက်ကြီးရွယ်အို ၃၇၀ ဦးကို အာဟာရဖြစ်စေမည့်စားသောက်ဖွယ်ရာများထောက်ပံ့


MNP - ဖေဖော်ဝါရီ    ၅

 ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့၊ ရပ်ကွက်(၈)ခုအတွင်းနေထိုင်သည့် အသက်(၇၅)နှစ်နှင့်အထက် သက်ကြီးရွယ်အိုများကို တာမိုးညဲပြည်သူ့စစ်ဌာနေ၊ မုန်းဝန်း ဗမာတိုင်းရင်းသားယဉ်ကျေးမှုဥက္ကဋ္ဌ ဦးမြင့်လွင်က  ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် အာဟာရ ဖြစ်စေမည့် စားသောက် ဖွယ်ရာပစ္စည်းများကို ထောက်ပံ့လှူဒါန်းခဲ့ကြောင်းသိရသည်။

 ထိုသို့  ထောက်ပံ့လှူဒါန်းရာတွင်   သက်ကြီးရွယ်အိုတစ်ဦးလျှင် အာဟာရဖြစ်စေမည့် စားသောက်ဖွယ်ရာများဖြစ်သော  မုန့်ပုံး(၁)ပုံး၊   အိုဗာတင်း (၁)ဗူး၊ကွေကာအုပ်တစ်ထုပ်နှင့် ဝမ်းတီး နို့ဆီ(၂)လုံး စီတို့ကို  ထောက်ပံ့လှူဒါန်းပေးပြီး   မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူး(၈)ဦးတို့အား အင်္ကျီတစ်ထည် ဆီ   အမှတ်တရအဖြစ်    ပေးအပ်ခဲ့ကြောင်း သိရှိရသဖြင့်    အသက် (၇၅)နှစ်နှင့်အထက် သက်ကြီးရွယ်အို (၇၃၀)ဦးကို လှူဒါန်းထောက်ပံ့ပေးခဲ့သဖြင့် စုစုပေါင်းငွေကျပ် (၈၆)   သိန်းခန့် ကုန်ကျသည်ဟု သိရသည်။

ယင်းသို့ လှူဒါန်းရာတွင် သွားလာနိုင်သည့်   သက်ကြီးရွယ်အိုများကို    ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးသို့ ဖိတ်ကြား၍ လည်းကောင်း၊  တချို့သက်ကြီးဘိုးဘွားများကို အိမ်တိုင်ရာရောက် သွားရောက်၍လည်းကောင်း ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။

သတင်း - ခေါန်မိုင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment