Pages

Pages

ပုဏ္ဏားကျွန်းမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး Booster (Covaxin-10 dose) များထိုးနှံ




MNP - ဖေဖော်ဝါရီ     ၅

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ထပ်ဆောင်း ကိုဗစ်-၁၉ ကာကွယ်ဆေး(Booster) Covaxin-10 dose ထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်  ယနေ့၊ နံနက်(၉)နာရီက  ပုဏ္ဏားကျွန်းမြို့  လောကမာရဇိန်ဘုရားကြီးသိမ်တော်၌ ထိုးနှံပေး လျက်ရှိသည်။

ထိုသို့ကာကွယ်ဆေးထိုးနှံခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဇော်သိန်းနှင့်အဖွဲ့ဝင်များ ကြီးကြပ်မှုဖြင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ အောင်စစ်ထွန်း ဦးဆောင်သောကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Booster)အား ဆက်လက်ထိုးနှံရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးတွင်းအောက်ဆီဂျင်ပမာဏတိုင်းတာခြင်းတို့စသည့် ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်ပေးပြီး ကာကွယ်ဆေးထိုးပြီးသူများကို မိနစ်(၃၀)ခန့်စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာခွင့်ပြု ကြောင်းသိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့က မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် ၄၀ ဦး၊ ပညာရေးဝန်ထမ်း ၁၅၄ ဦး၊ ဌာနဆိုင်ရာဝန်ထမ်း ၁၀၄ ဦးတို့ကို ထိုးနှံပေးနိုင်ခဲ့ပြီး၊ ကျန်ရှိသူများကိုဆက်လက်ထိုးနှံပေးလျက်ရှိရာ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်စေတနာ့ဝန်ထမ်းတို့က ကာကွယ်ဆေးထိုးနှံပေးရာတွင် အဆင်ပြေချောမွေ့စေရေးအတွက် ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

သတင်း - နီထွန်းအောင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment