ဘိုကလေးမြို့နယ်တွင် ကမ္ဘာ့ရေဝပ်ဒေသများနေ့ အခမ်းအနားကျင်းပကာ မိန်းမလှကျွန်း ဘေးမဲ့တောအား ပူးပေါင်းပါဝင် ထိန်းသိမ်းသူများအား ဂုဏ်ပြု - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘိုကလေးမြို့နယ်တွင် ကမ္ဘာ့ရေဝပ်ဒေသများနေ့ အခမ်းအနားကျင်းပကာ မိန်းမလှကျွန်း ဘေးမဲ့တောအား ပူးပေါင်းပါဝင် ထိန်းသိမ်းသူများအား ဂုဏ်ပြု

MNP - ဖေဖော်ဝါရီ    ၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သဘာဝဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဦးစီးဌာနမှ ဖေဖော်ဝါရီ လ (၂)ရက်နေတွင် ကျရောက်သည့် ကမ္ဘာ့ရေဝပ်ဒေသများနေ့ အထိမ်းအမှတ် အခမ်းအနားအား မြို့နယ်သစ်တောဦးစီးဌာန ရိပ်သာ၌ ယမန်နေ့ နံနက် (၁၀)နာရီခွဲတွင် ကျင်းပပြီး မိန်းမလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပူးပေါင်း ပါဝင်ကြသည့် ဒေသခံပြည်သူများအား ဂုဏ်ပြုဆုများ ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် မြောင်းမြခရိုင်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး၊  ဦးရှိန်ဝင်းမှ ရေဝပ်ဒေသများနေ့ ကျင်းပရခြင်းအကြောင်းနှင့် ရရှိသော အကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခြင်း၊ မိန်းမလှကျွန်းဘေးမဲ့တော အုပ်ချုပ်ရေးမှူး ဦးစိုင်းဝဏ္ဏကြည်မှ မိန်းမလှကျွန်းဘေးမဲ့တော၏ လက်ရှိဆောင်ရွက်နေသော လုပ်ငန်းများအကြောင်းအား ရှင်းလင်းတင်ပြခြင်း၊ မိန်းမလှကျွန်းဘေးမဲ့တောအား ထိန်းသိမ်းရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ခဲ့ကြသည့် ဒေသခံပြည်သူ (၅)ဦးအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခြင်းတို့ဖြင့် ဆောင်ရွက်ခဲ့သည်။

မိန်းမလှကျွန်း တောရိုင်းတိရိစ္ဆာန် ဘေးမဲ့တောသည် ၁၉၁၅ ခုနှစ်တွင် မိန်းမလှထင်းကြိုးဝိုင်းအဖြစ် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် မိန်းမလှ(တိုးချဲ့)ကြိုးဝိုင်း အဖြစ်လည်းကောင်း၊ ၁၉၉၄ ခုနှစ်တွင် မိန်းမလှကျွန်း တောရိုင်းတိရိစ္ဆာန်ဘေးမဲ့တောအဖြစ် လည်းကောင်း၊၂၀၀၃ ခုနှစ်တွင် အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ် လည်းကောင်း၊ ၂၀၁၇ ခုနှစ်တွင် ရမ်ဆာရေဝပ်ဒေသအဖြစ် လည်းကောင်း အဆင့်ဆင့်သတ်မှတ်ခြင်း ခံခဲ့ရကြောင်း၊ ၎င်းမိန်းမလှကျွန်းသည် ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မှ  စက်လှေဖြင့် (၁၂)မိုင်ခန့်သွားရပြီး ကျွန်းအကျယ်အဝန်းမှာ (၃၃၇၇၆)ဧကရှိကြောင်း၊ ၎င်းတောအတွင်း နို့တိုက်သတ္တဝါ (၁၈)မျိုး၊ ငှက် (၁၉၀)မျိုး၊ ကုန်းနေရေနေ တွားသွားသတ္တဝါ (၃၈)မျိုး၊ ငါး (၁၁၀)မျိုး၊ ဂဏန်း (၆)မျိုး၊ ပုဇွန် (၁၄)မျိုး၊ လိပ်ပြာ (၃၅)မျိုး၊ ဒီရေတောပင် (၂၉)မျိုး၊ သစ်ခွ (၆)မျိုးတို့အား ထိန်းသိမ်းထားရှိကြောင်း သက်ဆိုင်ရာမှ သိရသည်။

သတင်း - မိုးစက်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)