ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ ညောင်ဦးမြို့နယ် ဘုရားဆင်းတုတော်မရှိသည့် အိမ်ထောင်စုများ အတွက် ဘုရားဆင်းတုတော်များလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ ညောင်ဦးမြို့နယ် ဘုရားဆင်းတုတော်မရှိသည့် အိမ်ထောင်စုများ အတွက် ဘုရားဆင်းတုတော်များလှူဒါန်း

 


MNP - ဖေဖော်ဝါရီ     ၃

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာတဲတိုက်များတွင် ဘုရားဆင်းတုတော် ကိုးကွယ်နိုင်ရန် ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတ မိသားစုက ယမန်နေ့ နံနက် ၁၁ နာရီချိန်က ဘုရားဆင်းတုတော် ၅၀၊ လှူဒါန်းပေးခဲ့ကြောင်း အေးမေတ္တာ သောက်ရေ အလှူတော်အသင်း ဦးဝင်းမင်းထွန်း ထံက သိရသည်။

အဆိုပါ ဘုရားဆင်းတုတော် လှူဒါန်းဖြစ်ခြင်းအား ရန်ကုန်မြို့ မျှဝေခြင်း ပရဟိတ မိသားစုက ညောင်ဦးမြို့နယ် တဲတိုက်များသို့ သောက်သုံးရေလှူဒါန်းသွားရင်း ဘုရားပုံ တော်များသာရှိပြီး ဘုရားဆင်းတုတော်မရှိသည့် အိမ်ခြေများအား ဘုရားဆင်းတုတော်လှူ ဒါန်းလိုကြောင်း၊ ဘုရားဆင်းတုတော်မရှိသည့် တဲတိုက်များမှ အိမ်ထောင်စုများစာရင်း ကောက်ယူပြီး ပထမအကြိမ် လှူဒါန်းခြင်းဖြစ်ရာ အိမ်ထောင်စု(အိမ်ခြေ) ၅၀အတွက် ဉာဏ်တော် ၁၁လက်မခန့်ရှိသော ဘုရားအဆူ ၅၀ လှူဒါန်းပေးခဲ့ရာ တောစွန်တဲတိုက် အိမ်ခြ ၂၅ အိမ်အတွက် ဆင်းတုတော် ၂၅ ဆူ၊ လေးတဲစုတဲတိုက် အိမ်ခြေ ၁၅ အိမ်အတွက် ဘုရားဆင်းတုတော် ၁၅ ဆူ၊ ညောင်တိုတဲတိုက် အိမ်ခြေ ၅ အိမ်အတွက် ဘုရားဆင်းတု တော် ၅ ဆူ၊ တာလမ်းကန်တဲတိုက်ရှိ အိမ်ခြေ ၅ အိမ်အတွက် ဘုရားဆင်းတုတော် ၅ ဆူတို့ လှူဒါန်းခဲ့ကြောင်း သိရသည်။

နောက်ထပ်လှူဒါန်းနိုင်ရန် ဘုရားဆင်းတုတော်မရှိသေးသည့် အိမ်ထောင်စုများ အတွက်လည်း ဗုဒ္ဓဘိသေက ဘုရားအနေကဇာတင်ပြီးသား ဆင်းတုတော်များအား လှူဒါန်းပေး သွားမည်ဖြစ်ကြောင်း မျှဝေခြင်းပရဟိတမိသားစု ထံကသိရသည်။

သတင်း - ကိုထိန်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)