ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ် အထက် ဦးတည်အုပ်စုပြည်သူများနှင့် အသက်(၁၂)နှစ် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် ၁၉ရောဂါ ကာကွယ်ဆေး ပဉ္စမအသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါက်တောမြို့နယ်၌ အသက်(၁၈)နှစ် အထက် ဦးတည်အုပ်စုပြည်သူများနှင့် အသက်(၁၂)နှစ် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ် ၁၉ရောဂါ ကာကွယ်ဆေး ပဉ္စမအသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံ

MNP - ဖေဖော်ဝါရီ     ၁၈

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၌ အသက် (၁၈) နှစ်နှင့်အထက် ဦးတည်အုပ်စု ပြည်သူများနှင့် အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinovac) ပဉ္စမအသုတ် ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ပေါက်တောမြို့နယ် ငပြီကျွန်း ကျေးရွာ၊ ဟင်းခရော်ကျေးရွာ၊ နတ်ရှင်ကျေးရွာ ကျေးလက်ကျန်းမာရေးဌာန စုရပ်တို့တွင် ယနေ့နံနက်(၉) နာရီက ဆက်လက်ထိုးနှံပေးလျက် ရှိသည်။

အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် စနစ်တကျထိုးနှံနိုင်စေရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကျေးလက်စေတနာ့ဝန်ထမ်းများက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးကြသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာ ကိုကိုအောင် ကြီးကြပ်မှုဖြင့်  မြို့နယ်ကျန်းမာရေး ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆေးမထိုးမီ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ပေးကြပြီး ပုံမှန်အခြေအနေ ရှိသူများကိုသာ ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။ ပေါက်တောမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပဉ္စမအသုတ်(ဒုတိယ)အကြိမ်ကို သတ်မှတ်စုရပ်နေရာ အသီးသီး၌ ယမန်နေ့က အသက်(၁၈)နှစ်နှင့်အထက် ဦးတည်အုပ်စု ပြည်သူစုစုပေါင်း (၁၁၇၄)ဦးနှင့် အသက်(၁၂)နှစ် အထက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၇၃)ဦး လာရောက်ထိုးနှံခဲ့ကြပြီး ကျန်ရှိပြည်သူများအား ဆက်လက်ထိုးနှံလျက်ရှိကြောင်း သိရှိရသည်။

မြန်မာနေရှင်နယ်ပို့စ် 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)