Pages

Pages

ရသေ့တောင်မြို့၌ ရခိုင်ပြည်နယ်အစိုးရအဖွဲ့အစီစဉ်ဖြင့် သံဃာတော်များအား စားအုန်းဆီများ ဆက်ကပ်လှူဒါန်းခြင်းနှင့် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပ




MNP - ဖေဖော်ဝါရီ    ၂

ရခိုပြည်နယ် အစိုးရအဖွဲ့အစီစဉ်ဖြင့်  ရသေ့တောင်မြို့ပေါ် ဘုန်းတော်ကြီးကျောင်းများမှ ရဟန်းသံဃာတော်၊ သာမဏေများနှင့် သာသနာ့နွယ်ဝင်သီလရှင်များအား စားအုန်းဆီများ ဆက်ကပ်လှူဒါန်းခြင်းနှင့် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း အခမ်း အနားကို ယမန်နေ့နံနက် ၈ နာရီက စေတီတောင်ဓမ္မာရုံ၌  ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့် စားအုန်းဆီများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့် အဖွဲ့ဝင်များက မြို့ပေါ်ဘုန်းတော်ကြီးကျောင်း (၃၂) ကျောင်းတွင် သီတင်းသုံးနေကြသည့် ရဟန်းသံဃာတော်၊ သာမဏများနှင့် သီလရှင်များအား ဆက်ကပ်လှူဒါန်းခဲ့သည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ရပ်ကွက်ပြည်သူများစုပေါင်း၍  ရဟန်းသံဃာတော်၊ သာမဏေများနှင့် သာသနာ့နွယ်ဝင်သီလရှင်အပါး(၁၂၅)ပါးတို့အား  စေတီတောင်အဝင်လမ်းမှစတင်၍ ဦးဥတ္တမလမ်းနှင့် အိုးအိမ်ဝန်ထမ်းအိမ်ရာအဝင်လမ်းတစ်လျှောက် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများအား လောင်းလှူခဲ့ကြကြောင်း သိရသည်။

သတင်း - အောင်စံထွန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment