Pages

Pages

ဘူးသီးတောင်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း၍ ရဟန်း၊ သာမဏေ၊ သီလရှင်များအားဆွမ်းဆန်စိမ်း လောင်းလှူပွဲကျင်းပ







MNP ၊ ဖေဖော်ဝါရီ  ၁

ရခိုင်ပြည်နယ် ၊မောင်တောခရိုင်၊ ဘူးသီးတောင်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့်မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊စေတနာရှင် ပြည်သူများမှ ပူးပေါင်း၍ယနေ့ နေလည် ၁နာရီခွဲအချိန်က ဘူးသီးတောင်မြို့ဦးဥတ္တမခန်းမ၌ မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

 အဆိုပါဆွမ်းဆန်စိမ်းလောင်းလှူပွဲတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးကျန်အေးနှင့်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊မိသားစုဝင်များ၊မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်ဝန်ထမ်းမိသားစုများ ၊ နယ်မြေခံတပ်ရင်းမှ တပ်မိသားစုဝင်များ၊ အသင်းအဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် မြို့ပေါ်ရပ်ကွက်မှ စေတနာရှင်ပြည်သူများမှ ပူးပေါင်း၍ဘူးသီးတောင်မြို့ပေါ်ကျောင်းတိုက်များရှိရဟန်း၊သာမဏေ၊သီလရှင် (၁၂၇)ပါးအား မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူခဲ့ကြရာ ဆွမ်းဆန်၊ ဆီ၊ အခြားလှူဖွယ်ဝတ္ထုများ၊ ဝတ္ထုငွေများလှူဒါန်းခဲ့ကြကြောင်း သိရသည်။


သတင်း - လှကျော်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment