Pages

Pages

ရန်ကုန်မြို့တွင် နိုင်ငံတော်စိမံအုပ်ချုပ်ရေးကောင်စီ နှစ်ပတ်လည် တပ်မတော်ထောက်ခံပွဲများ ကျင်းပ























MNP ၊ ဇန်နဝါရီ ၃၁

ယနေ့ ရန်ကုန်မြို့ပေါ်တွင် မရမ်းကုန်းမြို့နယ် မြိုင်ဟေဝန်ပန်းခြံရှေ့နှင့် ပြည်လမ်း အင်းလျားကန်ထောင့်တို့တွင် တပ်မတော်ထောက်ခံပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။


တပ်မတော်ထောက်ခံပွဲတွင် ပါဝင်သူများက နိုင်ငံတော်အလံ၊ တပ်မတော်အလံများ ကိုင်ဆောင်ပြီး မြိုင်ဟေဝန်ပန်းခြံရှေ့မှ ကျိုက်ဝိုင်းဘုရားလမ်းအတိုင်း သမိုင်းလမ်းဆုံအနီးထိ ချီတက်ခဲ့ကြသည်။ အလားတူ ပြည်လမ်း အင်းယားကန်ထောင့်မှ လှည်းတန်းဂုံးတံတားအနီးအထိ ချီတက်ခဲ့ကြောင်း သိရသည်။


တပ်မတော်ထောက်ခံသူများက " တိုင်းပြည်ပြိုကွဲအောင် ကြံဆောင်သူမှန်သမျှ - ဆန့်ကျင်ကြ၊ လူသတ်အကြမ်းဖက် PDF နှင့် ပြည်ဖျက် NUG ကို - ဆန့်ကျင်ကြ၊ ပြည်တွင်းပြည်ပ သစ္စာဖောက်လောက်ကောင်များအား - ဆန့်ကျင်ကြ၊ တိုင်းပြည်တည်ငြိမ် အေးချမ်းဖို့ - တပ်မတော်နှင့်လက်တွဲစို့၊ မိစ္ဆာတွေကို အနိုင်ရဖို့ - တပ်မတော်ကို ဝန်းရံစို့၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် - သက်တော်ရာကျော်ရှည်ပါစေ၊ တပ်မတော်နှင့်ပြည်သူ သွေးခွဲသူ - ဒို့ရန်သူ" အစရှိသော ကြွေးကြော်သံများဖြင့် လှည့်လည်ခဲ့ကြသည်။


တပ်မတော်ထောက်ခံပွဲများကို စနစ်တကျ ဥပဒေနှင့်အညီ တင်ပြ၍ ငြိမ်းချမ်းစွာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment