တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၂) သို့ တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၂) သို့ တက်ရောက်

 



MNP - ဖေဖော်ဝါရီ     ၁၉

တနင်္သာရီတိုင်းဒေသကြီး၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၄/၂၀၂၂)ကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ထားဝယ်မြို့၊  တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီးကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ နိုင်ငံတော်ဒုတိယ ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်အား ထပ်ဆင့်ရှင်းလင်း ပြောကြားပြီး၊ တနင်္သာရီတိုင်းဒေသကြီးအနေဖြင့် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ဖေဖော်ဝါရီ လ ၁၆ ရက်နေ့အထိ ကူးစက်ပြန့်ပွားမှုအနေဖြင့် ၂၅၇၈၁ ဦးအား စစ်ဆးသည့်အခါတွင် ၆၁၄ ဦးရောဂါပိုးတွေ့ရှိခဲ့ကြောင်း၊  ရောဂါကူးစက်ပြန့်ပွားမှုရှိသည့် ရပ်ကွက်/ ကျေးရွာ/ ဌာနဆိုင်ရာများလည်း ရှိနိုင်သည့်အတွက် ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများကို လိုက်နာကြရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးသို့ နေရာပေါင်းစုံမှလာသော ခရီးသွားလာပြည်သူများကို  ရောဂါပိုး စစ်ဆေး လိုက်သည့်အခါ Positive ဖြစ်နေသည်ကို တွေ့ရကြောင်း၊ ကိုဗစ်ကာကွယ်ဆေး ထိုးနှံပြီးသူများ၊ ကိုဗစ်-၁၉ ဖြစ်ပြီးသူများ ရောဂါပြန်ဖြစ်သည့်အတွက် ပိုပြီးစိုးရိမ်စရာဖြစ်လာကြောင်း၊ တိုင်းအတွင်း/ အပြင် သွားလာ သူများအား စစ်ဆေးရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးတွင် Test Kit ဖြင့် စစ်ဆေးရ သည့် အတွက် လိုအပ်သည့် Test Kit များကိုဖြည့်ဆည်းပေးသွားမည်ကြောင်း၊ အစုအဖွဲ့အလိုက်ကူးစက်နိုင်သောနေရာဖြစ်သည့် စာသင်ကျောင်း၊ သင်တန်း ကျောင်း၊ ဈေး စသည့်နေရာများတွင် အမြဲမပြတ်ကြည့်ရှုပြီး စစ်ဆေးရန် လိုအပ်ကြောင်း၊ ကာကွယ်ဆေးနှင့်ပတ်သက်၍ ထိုးနှံသင့်သူများကို ထိုးနှံပေး စေလိုကြောင်း၊ တိုင်းဒေသကြီးတွင် ကာကွယ်ဆေး လုံလုံလောက်လောက်ရှိကြောင်း၊ တက်ရောက်လာသူများအနေဖြင့် အကြံပြုဆွေးနွေး တင်ပြပေး ရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ကော်မတီအတွင်းရေးမှူး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသိန်းလင်းက  ဆောင်ရွက် ထားရှိမူအခြေအနေများအား ရှင်းလင်းဆွေးနွေးပြောကြားပြီး ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်နေမှု အခြေအနေများ၊ ရှေ့ဆက်လက် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းဆွေးနွေးအကြံပြုရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)