သုံးခွမြို့နယ်အတွင်း ဈေးနှုန်းသက်သာစွာဖြင့် အ‌ခြေခံစား‌သောက်ကုန်များအား ဈေးကားများဖြင့် အပတ်စဉ် လာ‌ရောက် လှည့်လည်ရောင်းချပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

သုံးခွမြို့နယ်အတွင်း ဈေးနှုန်းသက်သာစွာဖြင့် အ‌ခြေခံစား‌သောက်ကုန်များအား ဈေးကားများဖြင့် အပတ်စဉ် လာ‌ရောက် လှည့်လည်ရောင်းချပေး

 


MNP - ဖေဖော်ဝါရီ   ၁၄

 ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်တွင် မြန်မာနိုင်ငံဆန်စပါးကုန်သည်များ အသင်းနှင့်မြို့နယ် စည်ပင်သာယာအဖွဲ့တို့ ပူးပေါင်း၍  ပြည်သူများအား စားဝတ်နေရေး အဆင်ပြေစေရန်နှင့် စားသောက်ကုန်ပစ္စည်းများ ဈေးနှုန်းချိုသာစွာ ဝယ်ယူရရှိနိုင်ရေးအတွက် ဆန်၊ ဆီ စသည့် စားသောက်ကုန် ပစ္စည်းများကို ဈေးကားများဖြင့် ယမန်နေ့ နံနက်၈နာရီခွဲအချိန်က သုံးခွမြို့မဈေးအနောက်ဘက် ရှင်စောပုလမ်းတွင် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ယင်းသို့ရောင်းချရာတွင်  ဆီငါးဆယ်သားတစ်ဗူးကို (၂၀၀၀)ကျပ်နှုန်းဖြင့် လည်းကောင်း၊ ပေါ်ဆန်းမွှေး ဆန်တစ်ပြည်လျှင် (၁၇၀၀)ကျပ်နှုန်းဖြင့်(၅)ပြည်အိတ် တစ်အိတ်လျှင် (၈၅၀၀)ကျပ်နှုန်းဖြင့်( ၃၀)အိတ်အားလည်းကောင်း၊ ဧည့်မထဆန် တစ်ပြည်လျှင် (၁၀၀၀)ကျပ်နှုန်းဖြင့် (၅)ပြည် အိတ်(၃၀)အားလည်းကောင်း၊ ရွှေလျားမော်တော်ယာဉ်ဖြင့် လာရောက် ရောင်းချပေးခဲ့ကြောင်းသိရသည်။

သုံးခွမြို့နယ်အတွင်းရှိ ပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် စား‌သောက်ကုန်များကို အစဉ်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရန် အတွက် မြန်မာနိုင်ငံဆန်စပါးကုန်သည်များ အသင်းနှင့် မြို့နယ်စည်ပင်သာယာ‌ရေးအဖွဲ့တို့ပူး‌ပေါင်း၍ ဈေးကားများဖြင့် လာရောက်လှည့်လည်ရောင်းချခြင်းကို တစ်ပတ်လျှင်(၁) ကြိမ် လာရောက်ရောင်းချ ပေးလျက်ရှိကြောင်းသိရသည်။

ကုန်ဈေးနှုန်းတွေမြင့်မားနေချိန်မှာ အခုလိုဆန်၊ဆီတွေကို သက်သာတဲ့တဲ့ ဈေးနှုန်းနဲ့ လာရောင်းပေးတော့ ကျမတို့လို့ လက်လုပ်လက်စားသမားတွေအတွက်တော့ ဝယ်ရတာ အစဉ်ပြေတာပေါ့ တစ်ရာပဲသက်သာသက်သာ ဈေးကားလာတဲ့ အချိန်ကို‌ စောင့်ပြီးဝယ်တယ်။တစ်ပတ်တစ်ခါလာ ရောင်းချပေးတော့ ပိုပြီးဝယ်ရတာ အဆင်ပြေပါတယ်လို့ ဈေးဝယ်သူ တစ်ဦးကပြောကြားသည်။

သတင်း - စည်သူလင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)