နိုင်ငံဝန်ထမ်းပင်စင်စား(၅၅၀)ဦးအား ပထမနေ့ ကိုဗစ်စည်းကမ်းများနှင့်အညီ ပင်စင်များ ထုတ်ပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံဝန်ထမ်းပင်စင်စား(၅၅၀)ဦးအား ပထမနေ့ ကိုဗစ်စည်းကမ်းများနှင့်အညီ ပင်စင်များ ထုတ်ပေးလျက်ရှိ

 




MNP - ဖေဖော်ဝါရီ    ၂၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင်ကျေးရွာ(၁၁၀) အုပ်စုတွင် နေထိုင်ကြသည့် နိုင်ငံဝန်ထမ်းပင်စင်စားများအား ယမန်နေ့ နံနက် ၇ နာရီ အချိန်မှစတင်ကာ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်များ ထုတ်ပေး လျက်ရှိကြောင်းသိရှိရသည်။

စလင်းမြို့နယ်အတွင်းရှိ နိုင်ငံဝန်ထမ်းပင်စင်စားများအား မြန်မာ့စီးပွားရေးဘဏ်ရှိ ဘဏ်ဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကျန်းမာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ အလှည့်ကျသတ်မှတ်နေ့များအလိုက် ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ များပြားသည့်အတွက် ပင်စင်စားများအား ရပ်ကွက်ကျေးရွာအုပ်စုများခွဲ၍ ထုတ်ပေးလျက်ရှိရာ ပင်စင်ထုတ်ယူရာတွင်လဲ ရုံးဝန်းအတွင်းဝင်လျှင် နှာခေါင်းစည်းများ တပ်ဆင်စေခြင်း ထိုင်ခုံများဖြင့် သက်ကြီးဘိုးဘွားများအား ထိုင်စေပြီးလျှင် အလှည့်ကြတန်းစီ၍ စည်းကမ်းတကျ ထုတ်ပေးလျက်ရှိကြောင်း ယနေ့ ပထမနေ့ ပင်စင်ထုတ်ယူသူပေါင်း ၅၅၀ ဦးရှိကြောင်း မြို့နယ် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာဒေါ်နီနီအောင်ထံမှ သိရှိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)