ဒီလိုပဲ ခံနေကြတော့မလား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒီလိုပဲ ခံနေကြတော့မလား


မြန်မာ့နိုင်ငံရေး ကြောက်စရာတော့ အတော်ကောင်းသား။ မိမိတို့ရဲ့ ဥပဒေမဲ့ လုပ်ရပ်တွေ၊ အာဏာအလွဲသုံးစား လုပ်ရပ်တွေကြောင့် အာဏာလက်မဲ့ဖြစ်ရတာကို တဖက်ပဲ အာဏာလုယူသယောင် ပြည်သူကို မှိုင်းတိုက်ပြီး ပြည်သူအချင်းချင်း လုပ်ကြံသတ်ဖြတ်ခိုင်းနေတယ်။ ဒီလို ယုတ်မာရိုင်းစိုင်းတဲ့ နိုင်ငံရေးဦးဆောင်သူတွေကို အားပေးထောက်ခံတဲ့ နိုင်ငံရေး နွားတွေကလည်း မြှောက်ပေးရင် ဂွေးတက်အောင်က ဆိုသလို တွေ့ရာ မြင်ရာ လုပ်ကြံသတ်ဖြတ်၊ ဖောက်ခွဲမီးရှို့တဲ့ အကြမ်းဖက်လုပ်ရပ်တွေကို တော်လှန်ရေးလို့ ထင်နေကြတယ်။


အလွန်ဆိုးရွား ယုတ်မာရက်စက်လွန်းတဲ့ အခြေအနေကို ရောက်ရှိသွားပြီဗျာ။ တစ်နှစ်တာကာလအတွင်းမှာ NLD အစွန်းရောက်တွေ ဖွဲ့စည်းထားတဲ့ အကြမ်းဖက်အဖွဲ့မျိုးစုံက အပြစ်မဲ့ ရဟန်းရှင်လူ ပြည်သူ ၂၁၀၀ ကျော်အထိ သတ်ဖြတ်ခဲ့ကြတယ်။ ဒီကိန်းဂဏန်းဟာ ကမ္ဘာမှာ အရက်စက်ဆုံး အကြမ်းဖက်အဖွဲ့လို့ သတ်မှတ်ထားတဲ့ IS အဖွဲ့ရဲ့ ၂၀၁၄ ကနေ ၂၀၁၈ အထိ လုပ်ကြံသတ်ဖြတ်မှုတွေရဲ့ ကိန်းဂဏန်းကို များစွာ ကျော်လွန်သွားပြီ။ IS အကြမ်းဖက်အဖွဲ့ရဲ့ ၂၀၁၄မှ ၂၀၁၈ အတွင်း သတ်ဖြတ်မှု မှတ်တမ်းဟာ ၁၄၀၀ ကျော်ပဲ ရှိတယ်။ ဒီအရေအတွက်ဟာ တစ်နိုင်ငံတည်းမှာ ဖြစ်ပေါ်ခဲ့တာ မဟုတ်ဘူး။ ကမ္ဘာအရပ်ရပ် နိုင်ငံပေါင်း ၁၉ နိုင်ငံမှာ IS အဖွဲ့က သတ်ဖြတ်လို့ သေခဲ့ရတဲ့ အရေအတွက်ဟာ ၁၄၀၀ ကျော် ဖြစ်ပါတယ်။ NLD အစွန်းရောက်တွေ ဖွဲ့စည်းထားတဲ့ အကြမ်းဖက်အဖွဲ့တွေက မြန်မာနိုင်ငံ တစ်နိုင်ငံတည်းအတွင်းမှာ တစ်နှစ်တာ ကာလအတွင်း ၂၁၀၀ကျော်အထိ လုပ်ကြံသတ်ဖြတ်ခဲ့ကြပြီဗျာ။


ဒီနေ့ (၂၁-၂-၂၀၂၂) ရက်နေ့ တစ်ရက်တည်းမှာကိုပဲ မိုးလင်းလို့ ကွန်ပျူတာဖွင့်လိုက်ပါပြီဆိုကတည်းက PDF အကြမ်းဖက်သမားတွေက CDM မလုပ်တဲ့ ဆရာမကို လည်ပင်းကြိုးချည်ပြီး ရိုက်နှက်နှိပ်စက်နေတဲ့ မင်္ဂလာမရှိတဲ့ မြင်ကွင်းကို မြင်ရတယ်ဗျာ။ ဝက်လက်မြို့နယ်မှာ မိန်းခလေးတစ်ယောက်ကို PDF တွေက ရက်ရက်စက်စက် သတ်လိုက်ကြတယ်။ ဘုတလင်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို PDF က ချောင်းပြီးပစ်တာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို မထိဘဲနဲ့ ရပ်ကွက်ထဲက နေအိမ်ပေါ် ကျရောက်ပေါက်ကွဲပြီး ကလေးငယ်တစ်ဦး သေဆုံး၊ မိခင် အပြင်းအထန် ဒဏ်ရာရ၊ ဖခင် ဒဏ်ရာရခဲ့တယ်။ ရေဦးမြို့နယ်ထဲမှာ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး သုံးလောင်းပြိုင် အသတ်ခံရတယ်။ မတ္တရာမြို့နယ်မှာ အမျိုးသမီးကြီးတစ်ဦးကို သတ်ပြီး ရွှေတွေ၊ ငွေတွေ ရယူသွားတယ်။ ဒါက စာရေးသူသိသလောက် တစ်နေ့တာ ဖြစ်စဉ်ကို ပြောတာပါ။ NLD အစွန်းရောက်တွေ ဖွဲ့စည်းထားတဲ့ PDF အပါအဝင် အကြမ်းဖက်အဖွဲ့မျိုးစုံဟာ အကြမ်းဖက်သက်သက်လည်း မဟုတ်ဘူး။ လူသတ် ဓားပြတိုက် အပြစ်မဲ့ ပြည်သူကို ပစ်မှတ်ထားဒုက္ခပေးပြီး အဲဒီလို ဓားပြတိုက်လို့ ရတာကို သောက်စားပျော်ပါးနေကြတဲ့ ခွေးသူတောင်းစား အကြမ်းဖက်တွေ ဖြစ်သွားပြီ။


အသတ်ခံခဲ့ရတဲ့ အထဲမှာ ဆရာတော်သံဃာတော် ၂၂ ပါး၊ ဆရာ/ ဆရာမ ၂၃ ယောက် ရှိသွားပြီ။ ကလေးငယ်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ ပါကုန်ကြပြီ။ နေရာတိုင်းမှာ ဆိုးရွားနေသလားဆိုတော့ မဟုတ်ပါဘူး။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် အဓိကနေရာတွေပေါ့။ အခြားသော နေရာတွေမှာလည်း လစ်ရင် လစ်သလို လုပ်နေကြတယ်ပေါ့။


NLD အစွန်းရောက်တွေရဲ့ လုပ်ရပ်ကို ကြည့်လိုက်ရင် တပ်မတော်ကို ပစ်မှတ်ထားတိုက်ခိုက်နေတာလား။ မဟုတ်ဘူး။ လွယ်တဲ့သူကို သတ်ပြီး ဒလန်မို့လို့ သတ်တာပါ။ စစ်တပ်ရဲ့ဒေါက်တိုင်မို့လို့သတ်တာပါ ဆိုပြီး ခေါင်းစဉ်အမျိုးမျိုးတပ်ပြီး သတ်နေကြတာ။ သူတို့ အနီအချင်းချင်း သတ်ပြီး အောင်ပွဲခံနေတာတောင် ရှိသေးတယ်။ သူတို့ရဲ့ ပစ်မှတ်ဟာ တပ်မတော်မဟုတ်ဘူးဆိုတာ သေချာသွားပြီ။ တပ်မတော်ကို တိုက်နိုင်လောက်တဲ့ အင်အားလည်း ခွေးသူတောင်းစား PDF တွေမှာ အင်အားမရှိဘူး။ ခွေးသူတောင်းစား PDF အကြမ်းဖက်သမားတွေရဲ့ ပစ်မှတ်က သတ်လို့လွယ်တဲ့သူ မှန်သမျှ သူတို့ရဲ့ ပစ်မှတ် ဖြစ်နေတယ်။ ဒါကို အထူးအလေးထားစဉ်းစားကြဖို့ လိုလာပြီ။


ဆရာတော်တစ်ပါး အသတ်ခံလိုက်ရပြန်ပြီ။ ကျွန်တော်တို့တွေမှာ ဟာခနဲ ဟင်ခနဲ သက်ပြင်းတွေချပြီး ခွေးသူတောင်းစားတွေ ယုတ်မာလှချည်းလား၊ ဆရာမတစ်ယောက် အသတ်ခံလိုက်ရပြန်ပြီ။ ခွေးသူတောင်းစားတွေ ယုတ်မာလိုက်တာ။ ဒီလောက်ပဲ ကျွန်တော်တို့ တတ်နိုင်တယ်။ ဒီထက်ပိုပြီး ဘာဆို ဘာမှ မတတ်နိုင်ခဲ့ကြဘူး။


သဘောတရားရေးအရ ပြောပါစို့ရဲ့။ NLD က ဥပဒေချိုးဖောက်လို့ အာဏာအလွဲသုံးစားလုပ်လို့ တပ်မတော်က အာဏာသိမ်းတာ။ ခွေးသူတောင်းစား NLD တွေက တပ်ကို တိုက်ပါလား။ မတိုက်ဘူး။ တပ်ကလည်း အာဏာသိမ်းတုန်းကတော့ ဥပဒေအရ ဆောင်ရွက်ခဲ့ပြီး အခုလို အပြစ်မဲ့ရဟန်းရှင်လူ ပြည်သူတွေကို သတ်ဖြတ်နေတဲ့ NLD အစွန်းရောက်တွေကိုကြတော့ ဥပဒေနဲ့အညီ ဘာကြောင့် မနှိမ်နင်းသလဲ။ စီမံသူတွေက ညံ့တာလား။ နယ်မြေတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိတွေက လုပ်စားနေတာလား။ ဒီလို ပြောရင် အပြစ်တင်သလို ဖြစ်ပြီ။ စံမံအုပ်ချုပ်သူတွေကို ကျွန်တော်တို့ အပြစ်တင်နေလို့လည်း ခွေးသူတောင်းစား NLD အစွန်းရောက် PDF အကြမ်းဖက်သမားတွေက အပြစ်မဲ့ ပြည်သူတွေကို လုပ်ကြံသတ်ဖြတ်နေတာတွေက ရပ်တန့်သွားမှာ မဟုတ်ဘူး။ ရာထူးအာဏာ ရှိတဲ့သူဆိုတာကလည်း သူတို့ လုပ်ပိုင်ခွင့်ထဲမှာ သူတို့ လုပ်ချင်တဲ့အလုပ်ကိုပဲ ဦးစားပေးပြီး လုပ်မှာပဲ။ ကျန်တာကတော့ ကိုယ့်သမိုင်း ကိုယ်ရေးဆိုတာမျိုး ဖြစ်နေပါပြီ။ 


ဒီနေရာမှာ တစ်ချက်တော့ ကျွန်တော် လုံခြုံရေးတာဝန် ယူနေကြတဲ့ တပ်မတော်အရာရှိတွေကိုရော တပ်မတော်သားတွေကိုရော မေတ္တာရပ်ခံချင်တာပေါ့ဗျာ။ ကျွန်တော်တို့ နီပိန်းအကြမ်းဖက်တွေကို ဘယ်တုန်းကမှ အားမပေးခဲ့ဘူး။ တပ်မတော်သားတွေအတွက် အကူအညီဖြစ်မယ့်ကိစ္စမျိုး မိမိတတ်စွမ်းနိုင်တဲ့အလုပ်ကို လုပ်ပေးပါတယ်။ ခိုင်းစရာရှိရင်လည်း ခေါ်ခိုင်းလို့ရပါတယ်။ အကြမ်းဖက်နှိမ်နင်းရေးအတွက် မင်းတို့ပါဝင်တိုက်ခိုက်ရမယ်လို့ ခေါ်ခဲ့ရင်လည်း ကျွန်တော်တို့ မငြင်းပါဘူး။ လိုက်ပါ့မယ်။ ကျွန်တော့်လိုပဲ လိုက်ပါတာဝန်ထမ်းဆောင်မယ့်သူတွေလည်း ရာထောင်သောင်းမက ရှိပါလိမ့်မယ်။ တချို့ဒေသတွေမှာပေါ့ဗျာ။ တပ်ကအရာရှိတွေရဲ့ ဆောင်ရွက်ချက်တွေက ပြည်သူတွေအထင်အမြင်လွဲစရာတွေ တော်တော်လေး ဖြစ်နေတယ်။ အပြစ်မဲ့ ပြည်သူတွေကိုကြတော့ ဟိန်းလား၊ ဟောက်လား၊ ခြောက်လား၊ ရိုက်လား၊ နှက်လားပေါ့ဗျာ။ ကျွန်တော် နာမည်တွေ တပ်မပြောချင်းဘူး။ ကျွန်တော်လေးစားပါတယ်။ အဲဒီလို အပြစ်မဲ့ ပြည်သူတွေကို ဟိန်းလား၊ ဟောက်လား၊ ရိုက်လား လုပ်နေတဲ့ ပုဂ္ဂိုလ်တွေက မြို့နယ်အတွင်းက နီပိန်း အကြမ်းဖက်ဝါဒီတွေနဲ့ကြတော့ အလွမ်းသင့်နေကြပြန်ရော။  ဘယ်လိုတွေတောင်လဲဗျာ။


ကျွန်တော်မေတ္တာရပ်ခံချင်တာလေးတစ်ခုက အခုဖြစ်နေတဲ့ ပြဿနာသည် ပြည်သူနဲ့ NLD နဲ့ ဖြစ်နေတာ မဟုတ်ဘူး။ NLD အစွန်းရောက်တွေက တပ်မတော်အပေါ် ရန်လိုအမုန်းပွားအောင် လှုံ့ဆော်နေမှုတွေအပေါ် အသိတရားရှိတဲ့ ပြည်သူတွေက တပ်မတော်ဘက်က ရပ်တည်နေကြတာ။ အဲဒီလို မိမိတို့အပေါ် လေးစားတန်ဖိုးထားတဲ့သူတွေအပေါ် နည်းနည်းလေးတော့ ပြန်ပြီး မေတ္တာထားပါ။ ဒါလေးပါပဲဗျာ။ အထူးသဖြင့်တော့ နယ်မြေတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ အရာရှိကြီးများနဲ့ တပ်မတော်သား ညီအစ်ကိုများကို မေတ္တာရပ်ခံတာပါ။ အကြမ်းဖက်သမားဆိုရင် မညှာနဲ့။ အကြမ်းဖက်သမားက တပ်မတော်သားလည်း မညှာဘူး။ တပ်မတော်ထောက်ခံသူလည်း မညှာဘူး။ အကိုတို့ ကိုယ်တိုင် တာဝန်ထမ်းဆောင်နေရတာ အသိဆုံးဖြစ်မှာပါ။ အကြမ်းဖက်သမားနဲ့ ပြည်သူက ခွဲခြားလို့ မလွယ်လောက်အောင် ခက်ခဲနေတာလည်း နားလည်ပါတယ်။ အထင်အရား ရပ်တည်နေကြတဲ့ ပြည်သူတွေကို တပ်မတော်နဲ့ ဝိုင်းဝန်းဆောင်ရွက်နေသူတွေကိုတော့ အနည်းငယ်မျှ မေတ္တာလေးနဲ့ တုန့်ပြန်ကြပါ။


ဆက်ပြီးတော့ ပြောချင်တာက အကြမ်းဖက်အားပေးမဟုတ်တဲ့ ပြည်သူတွေပေါ့ဗျာ။ အရှင်းဆုံး ပြောရရင် နီပိန်းမဟုတ်တဲ့ ပြည်သူတွေ၊ နီပိန်းတွေရဲ့ ယုတ်မာ ရက်စက် အကြမ်းဖက်မှုတွေကို မလိုလားတဲ့ ပြည်သူတွေ တစ်ခုခုတော့ စဉ်းစားဖို့ ကောင်းပြီ။ တပ်မတော်နဲ့ နီပိန်းနဲ့ ဖြစ်နေတာ ငါတို့ အသာနေလို့ ရပါတယ်လို့ တွေးရင် ကျွန်တော်တို့တွေက ထပ်ပြီး ထပ်ပြီး အသေနာကြတော့မှာ။ တိုင်းပြည်တာဝန်ကို ယူထားတဲ့ သူတွေကို ထိုင်အပြစ်ပြောနေလို့ မိမိတို့ ဘေးကင်းမလား။ နီပိန်း အကြမ်းဖက်အန္တရာယ်ကို မြင်လို့ သွားတိုင်တယ်။ ညွှန်ကြားချက်မရှိလို့၊ အမိန့်မရလို့ မလုပ်ဘူး။ နောက်တခါကြတော့ သတင်းလည်းမပေးရဲတော့ဘူး။ အကြောင်းလည်း မကြားဝံ့တော့ဘူး။ နီပိန်းကို လက်တို့လိုက်ရင် အသတ်ခံရမယ့် ဘဝတွေဖြစ်နေတယ်။ အထက်က လူတွေကလည်း ဥပဒေနဲ့အညီ လုပ်ပါတဖွဖွပြောတယ်။ ဘယ်လိုတွေ အံချော်နေလဲတော့ မပြောတတ်ဘူး။ မဝေဖန်ရဲတော့ဘူး။


ကျွန်တော်နားလည်တဲ့ သဘောတရားကို ကျွန်တော်ပြောပြမယ်နော်။ အဖျက်အမှောင့် လုပ်ရတာ အလွန်လွယ်တယ်။ နီပိန်းတွေက ဒီကို အခွင့်ကောင်းယူပြီး လုပ်တာပဲ။ လူစိတ်ရှိတဲ့သူတွေအနေနဲ့ကတော့ ကိုယ်တစ်ခုခုလုပ်တော့မယ်ဆိုရင် သူတပါးမိသားစု ဘယ်လို ဒုက္ခရောက်သွားမလဲ။ သူ့လိုအဖြစ်မျိုး ငါ့မိသားစုကြုံရင်လည်း မကောင်းပါဘူး။ လူစိတ်ရှိတဲ့သူက ဒီလိုတွေးပြီးတော့ အဖျက်အမှောင့်လုပ်ငန်းကို မလုပ်ဖြစ်ဘူး။ ဥပမာ - မိမိရပ်ကွက်ထဲမှာ အများအားဖြင့် သိကြတယ်။ ဘယ်သူအနီ၊ ဘယ်သူအစိမ်း၊ ဘယ်သူအပြာ၊ ဘယ်သူကတော့ ဘာအရောင်မှ မရှိဘူးပေါ့ဗျာ။ တော်တော်များများ ကိုယ့်ရပ်ကွက်အတွင်း၊ ကိုယ့်လမ်းတွင်း အခြေအနေကို သိကြပါတယ်။ အစိမ်းတွေ၊ အပြာတွေ၊ အရောင်မဲ့တွေက စုဝေးပြီး တိုင်ပင်ပြီး နီပိန်းတွေကို ဒုက္ခပေးမယ်လို့ လုပ်တာမျိုး မရှိခဲ့ဘူးနော်။ အခုထိ တစ်နှစ်ကျော်လာပြီ မရှိသေးဘူး။ အစိမ်းအိမ်ကို အနီတွေဝိုင်းလို့လည်း အစိမ်းတွေက စုစည်းပြီး ကာကွယ်ပေးနိုင်တာမျိုး မရှိခဲ့ဘူး။ သဘောက ဘာလဲဆိုရင် နီပိန်းတွေက အဖျက်အမှောင့်လုပ်ရတာကို ဝါသနာပါတယ်။ တပါးသူဒုက္ခရောက်အောင် ပူးပေါင်းကြံဆောင်နိုင်တယ်။


တစ်နိုင်ငံလုံး ဒီအခြေအနေဆိုးကြီးကို ခါးစည်းခံခဲ့ကြတာ  အသက်ပေါင်း ၂၁၀၀ ကျော်တောင် ပေးဆပ်ခဲ့ရပြီးပြီဗျာ။ တပ်ကို အပြစ်ထိုင်ပြောနေလဲ။ ငပြောပဲ။ တပ်က အရာရှိတွေက အလုံးလည်းမလျော့ဘူး။ အရပ်လည်း မလျော့ဘူး။ တပ်မတော်သား မိသားစုဝင်တွေ ကိုယ်တိုင်လည်း အဲဒီလို ခံခဲ့ရတဲ့ ဖြစ်စဉ်တွေ ရှိတယ်။ တပ်မတော်က ထိန်းနိုင်နိုးနိုး မျှော်လင့်ချက်နဲ့ တစ်နှစ်ကျော်လာရင်တော့ ပြတ်ပြတ်သားသား လုပ်တော့မှာပါ။ ကိုယ်က ထင်တာလေ။ စီမံအုပ်ချုပ်သူတွေရဲ့ မူဝါဒက ဘယ်လိုရှိသလဲ ကိုယ်က မသိရဘူး။ ဒီအချိန်မှာ သူမလုပ်ဘူး၊ ငါမလုပ်ဘူး အပြစ်ထိုင်ပြောနေလို့လည်း နီပိန်းတွေရဲ့ သတ်ဖြတ်မှုဘေးက လွတ်မှာ မဟုတ်ဘူး။ ကျွန်တော်ပဲဖြစ်ဖြစ်၊ ဘယ်သူပဲ ဖြစ်ဖြစ် နီပိန်းအကြမ်းဖက်သမားနဲ့ ပက်ပင်းတိုး တပ်ကလူမဟုတ်လို့ မသတ်ပါနဲ့ ပြောမှာ မဟုတ်ဘူး။ သူတို့ကို အားမပေးရင် တပ်ရဲ့ဒေါက်တိုင်ပဲ။ ကျွန်တော်တို့လို လူဆိုရင် ပိုဆိုးသေးပေါ့ဗျာ။ သူတို့ရဲ့ ယုတ်မာ ရက်စက်မှုတွေကို အချိန်နဲ့အမျှ ထိုင်ပြောနေလို့ သတ်ချင်တဲ့ကောင်တွေ တပုံကြီး။ 


နီပိန်းတွေရဲ့ အကြမ်းဖက်ဘေးအန္တရာယ်ကို ဆိုးဆိုးရွာရွားခံခဲ့ရတဲ့ တန့်ဆည်မြို့နယ်၊ ကာပေါင်းကျကျေးရွာက သူတွေနဲ့ ကျွန်တော်တွေ့ဆုံးခဲ့ဖူးတယ်ဗျာ။ ဒေါ်မိုးသူဇာ ဆိုတဲ့ အမျိုးသမီးဆိုရင် အိမ်ထောင်ဆုံးပါးသွားလို့ မုဆိုးမအနေနဲ့ သားသမီး (၂)ယောက်ကို ဈေးဆိုင်လေးဖွင့်ပြီး လုပ်ကိုင်ကျွေးမွေးနေတာ။ နီပိန်းတွေနဲ့လည်း ဘာမှ ပြဿနာဖြစ်ခဲ့တာ မရှိဘူး။ နီပိန်းတွေက ပြဿနာရှာချင်တော့ USDP ရဲ့ မဲရုံမှူးလုပ်ခဲ့တာကို အကြောင်းပြပြီး အိမ်ကို ဝင်ဖျက်ဆီး၊ မီးရှို့ဗျာ။ လည်ပင်းကို ဓားထောက်ပြီး နောက်တစ်ခါ USDP ကို ဘယ်တော့မှ အားမပေးတော့ပါဘူးလို့ ဝန်ချတောင်းပန်ခိုင်းတယ်။ ဘာဆိုင်တဲ့ လုပ်ရပ်တွေလဲ။ ဘာမှမဆိုင်ဘဲ နီပိန်းတွေရဲ့ ဒုက္ခပေးခြင်းကို ခံခဲ့ရတယ်။ ကာပေါင်းကျကပဲ ဦးညွန့်ခိုင်ကိုဆိုရင် ဖြစ်တဲ့ပြဿနာက တခြား အလှူအတန်းကိစ္စနဲ့ ဖြစ်တယ်။ ပြဿနာကို အစစွဲပြီး USDP ရဲ့ အမာခံဆိုပြီး ပြဿနာရှာတာ။ ဦးညွန့်ခိုင် နေအိမ်၊ စည်းစိမ် အားလုံး မီးရှို့ဖျက်ဆီးခံရ၊ မိသားစုဝင် အဖေ၊ အဖေ၊ ညီ၊ ယောက်ဖ အသတ်ခံရ။ ဒေါ်မိုးမိုးဝင်း ယောကျ်ား ဆိုင်ကယ်ပြင်ဆရာ၊ နိုင်ငံရေးလှုပ်ရှားမှုလည်း ဘာမှ ကြီးကြီးကျယ်ကျယ်လုပ်တာမဟုတ်ဘူး။ အဲဒါကို နီပိန်းတွေက ပြဿနာရှာလို့ ထွက်ပြေးရတယ်။ ဘုန်းကြီး ဦးစန္ဒိမာက မင်းတို့ ပြန်လာတော့ ဘာမှမဖြစ်စေရဘူးပြောလို့ ဒေါ်မိုးမိုးဝင်းယောက်ျား ဦးကျော်မျိုးသက်က ပြန်သွားတယ်။ ဘုန်းကြီးကျောင်းပေါ်မှာတင် အသတ်ခံခဲ့ရတယ်။ နီပိန်းတွေ ဘယ်လောက် ရက်စက်သလဲ။ လူကပဲ ရက်စက်တာလား။ နီပိန်းဆိုရင် ဘုန်းကြီးကလည်း ကြောက်စရာ ဖြစ်သွားတယ်။ မေတ္တာတရား ခေါင်းပါးသွားတယ်။


နီပိန်းတွေကို သူတို့ကို အားမပေးရင် ဘုန်းကြီးကိုရော အသက်ချမ်းသာပေးသလား။ မဟုတ်ပြန်ဘူး။ ဆွမ်းစားနေတဲ့ ဘုန်းကြီးကို အကြောင်းမဲ့ သတ်သွားတယ်။ မနေ့က (၂၀-၂-၂၀၂၂) ရက်နေ့က ဆိုရင် မုံရွာမြို့နယ်မှာ ဆရာတော်တစ်ပါးကို သင်္ကန်းချွတ် လူဝတ်လဲ၊ ကြိုးတုတ်ခေါ်သွားပြီး သတ်ပစ်လိုက်ကြတယ်ဗျာ။ ဟာခနဲ ဟင်ခနဲ နီပိန်းတွေ လုပ်လိုက်မှဖြင့် နင့်ကနဲ ပဲ မဟုတ်လား။


နီပိန်းတွေရဲ့ အန္တိမရည်မှန်းချက်က ဒီမိုကရေစီရရှိရေး မဟုတ်တော့ဘူး။ သူတို့ရဲ့ လုပ်ရပ်နဲ့ ဒီမိုကရေစီကလည်း မအပ်စပ်တော့ဘူး။ နီပိန်းတွေရဲ့ အန္တိမရည်မှန်းချက်က မကျေနပ်တဲ့သူ မှန်သမျှကို သတ်ပစ်ဖို့ပဲ ဖြစ်လာတယ်။ ဒါကြောင့် ကျွန်တော်တို့ ပြည်သူတွေက မိမိတို့နည်း၊ မိမိတို့ဟန်နဲ့ ယုတ်မာ ရက်စက်သူတွေကို မလွဲမသွေ တုန့်ပြန်ဖို့ လိုလာပြီ ဆိုတာကို အသိပေးချင်တယ်။


ကဲ နောင်တော်လေး ရေ နီပိန်းတွေ လက်ထဲမှာက Auto Gun တွေနဲ့။ ငါတို့က ဘယ်လိုတုန့်ပြန်လို့ရမှာလဲ။ မတွေးပါနဲ့။ ရအောင် တုန့်ပြန်ရမယ်။ နီပိန်းအကြမ်းဖက်ကို နီပိန်းအကြမ်းဖက်နည်းနဲ့ပဲ တုန့်ပြန်ရမယ်။ သူတို့တွေ စပြီး ဆူပူအကြမ်းဖက်နေတဲ့ အချိန် နိုင်ငံတော်က အကျဉ်းသားတွေကို လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ်။ ထောင်ထွက်လူမိုက်တွေ ထုတ်ပြီး ဆူပူအောင် လုပ်တော့မယ်လို့ နီပိန်းမီဒီယာတွေက လှုံ့ဆော်တယ်။ နောက်ပိုင်း မီးလင်းပစ်တာတို့၊ မီးကွင်းပစ်တာတို့ ဖြစ်တယ်။ အဲဒါနီပိန်းတွေက လိုက်လုပ်ပြီး ထောင်ထွက်တွေကို လွှဲချတာ။ ထောင်ထွက်တွေက အဲဒီလိုတွေ လှုံ့ဆော်လို့ အိမ်ထဲက အိမ်ပြင်တောင် မထွက်ရဲကြရှာဘူး။ နီပိန်းတွေရဲ့ ယုတ်မာနည်း။


တော်လှန်ရေးဆိုပြီး ခေါင်းစဉ်တပ်ထားတဲ့ ခွေးသူတောင်းစားတွေက တပ်မတော်သားကိုမှ ပစ်မယ်၊ ရဲကိုမှ ပစ်မယ်လို့ သတ်မှတ်ထားသလား။ တွေ့တဲ့သူ ပစ်သလား။ သူတို့ရဲ့နည်းပဲ။ စစ်ကိုင်းမှာ ဆရာတော်တစ်ပါးအသတ်ခံရတာကို သတ်တဲ့ကောင်ကို လက်တုန့်ပြန်မယ်လို့ မတွေးနဲ့။ အနီးဆုံး နီးပိန်း အကြမ်းဖက်အားပေး တစ်ယောက်ယောက်ကို နီပိန်းနည်းအတိုင်းပဲ တုန့်ပြန်လိုက်ပါ။


ဒီဆောင်းပါးက အထွေအထူး ဋီကာချဲ့ပြီး အကြမ်းဖက်လှုံ့ဆော်နေတာ မဟုတ်ဘူး။ အကြမ်းဖက်အန္တရာယ်ကို ခုခံကာကွယ်ကြမှ ရတော့မယ်။ ဟိုလို မဖြစ်ဘူး၊ ဒီလို မဖြစ်ဘူး ဆိုတာတွေချည်းပဲ တွေးနေလို့ မရဘူး။ နီပိန်းက လက်ထဲ ဓာတ်ဆီပုလင်း ရှိရင် လက်နက်ဖြစ်အောင် အသုံးချသွားတယ်။ သူတို့နောက်မှာ သင်ကြားပေးနေတဲ့ အကြမ်းဖက်တွေ ရှိတယ်။ 


အဓိက အချက်ကို ပြောချင်တယ်။ အဓိက အချက်က နီပိန်းတွေဟာ သူတို့ အထိမနာဘူး။ ကျန်တဲ့သူ နာချင်တဲ့သူနာ၊ သေချင်တဲ့သူသေ ဆိုတဲ့ လုပ်ရပ်မျိုးနဲ့ အမိုက်ဇာတ်ခင်းနေတာဖြစ်တယ်။ အဲဒီနည်းကိုပဲ ပြောင်းပြန် တွေးကြည့်လိုက်။ နီပိန်းတွေ အထိနာလာပြီဆိုရင် ဘာဖြစ်သွားမလဲ။ ရပ်သွားလိမ့်မယ်။ မဟုတ်ရင် ကျွန်တော်တို့က နေ့စဉ်နီပိန်းတွေ လူမဆန်စွာ ယုတ်မာရိုင်းစိုင်းစွာ သတ်ဖြတ်နေသမျှ ရဟန်းရှင်လူပြည်သူတွေကို ထိုင်ပြီး ရေတွက်ရင်းနဲ့ ၂၀၀၀ ကျော်ကနေ ၂သိန်းကျော်ဖြစ်လာလိမ့်မယ်။ ဆင်ခြင်တုံတရားတွေနဲ့ လည်ဆင်းခံနေလို့ မဖြစ်ဘူး။ ဆင်ခြင်တိုင်းထွာပြီး တုန့်ပြန်မှ ရတော့မယ်။ သူတို့ အထိမနာသ၍တော့ ဘယ်သူသေသေ ငတေမာရင် ပြီးရော ဆိုတဲ့ သောက်ချိုးမျိုးနဲ့ မိုက်လုံးထွားနေတဲ့ လူ့ငနွားတွေကို  ကိုယ့်နည်းကိုယ့်ဟန် ရတဲ့နည်းနဲ့ လက်တုန့်ပြန်ကြဖို့အလေးထားစဉ်းစားကြပါတော့။


နောင်တော်လေး (ဘိုကလေး)

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)