Pages

Pages

ရှမ်းရွာသစ်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် မွေးစမှအသက်(၂)နှစ်အောက် ကလေးငယ် များအား ပုံမှန်ကာကွယ်ဆေးထိုးနှံ

MNP - ဖေဖော်ဝါရီ    ၃

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကလေးငယ်များအား ကျန်းမာသန်စွမ်းစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန်အတွက် ရည်ရွယ်၍ မွေးစမှ အသက်(၂) နှစ် အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းနှင့် ကိုယ်ဝန်ဆောင် မိခင်များအား ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက်ပိုင်းက ရှမ်းရွာသစ်မြို့ ကျေးလက်ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းကို အပတ်စဉ် ဗုဒ္ဓဟူးနေ့နှင့်ကြာသာပတေးနေ့ တို့တွင် မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သားဖွာဆရာမ ဒေါ်နန်းစုစုအောင်နှင့် ကျန်းမာရေး ဝန်ထမ်းများက ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ မွေးစမှအသက်(၂)နှစ်အောက် ကလေးငယ်များအား ဆုံဆို့နာ၊ ကြက်ညှာချောင်းဆိုး၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါဘီရောဂါနှင့် ဦးနှောက် အမြှေးရောင် ရောဂါ၊ ပိုလိုယို ရောဂါများကို ကာကွယ်နိုင်ရန်အတွက် ကာကွယ်ဆေး ထိုးနှံခြင်း/ တိုက်ကျွေးခြင်း၊ အသိပညာပေးခြင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံခြင်း တို့ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်း - စောဂျိုးဇက်ဂျူး 

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment