MNP - ဖေဖော်ဝါရီ ၃
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ ထောက်ခံပွဲကို ယမန်နေ့နံနက်(၁၀:၃၀)နာရီအချိန်တွင် ကျင်းပခဲ့သည်။
အဆိုပါ ထောက်ခံပွဲကို အမှတ်(၄)ရပ်ကွက်၊ ငါးထပ်ကြီးဘုရားတွင် စုရပ်ပြုလုပ်ပြီး ကဝမြို့ ဖလေးကျေးရွာနေ ဦးကျော်ဇင်ထွေးက ဦးဆောင်၍ လူအင်အား(၃၀၀)ခန့်ဖြင့် မြို့ပေါ် ရပ်ကွက်များ အတွင်းသို့ ဗီနိုင်းများ၊ ပိုစတာများ၊ ဆိုင်းဘုတ်များ၊ နိုင်ငံတော်အလံများကိုင်ဆောင်၍ ကြွေးကြော်သံများ ကြွေးကြော်ကာ ငြိမ်းချမ်းစွာစီတန်းလှည့်လည် ခဲ့ရာ (၁၁:၃၀)နာရီအချိန်တွင် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးသို့ ရောက်ရှိပြီး အေးချမ်းစွာ လူစုခွဲသွားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment