(၇၅)ကြိမ်မြောက် စိန်ရတုမွန်အမျိုးသားနေ့(ရန်ကုန်)အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

(၇၅)ကြိမ်မြောက် စိန်ရတုမွန်အမျိုးသားနေ့(ရန်ကုန်)အခမ်းအနားကျင်းပ



MNP - ဖေဖော်ဝါရီ    ၁၇

မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီ(ရန်ကုန်)မှ ကြီးမှူးကျင်းပသော (၇၅)ကြိမ်မြောက် စိန်ရတု မွန်အမျိုးသားနေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဒဂုံမြို့နယ် ရွှေတိဂုံဘုရားလမ်းရှိ  မွန်ပိဋကတ်တိုက်၌ ကျင်းပသည်။

အခမ်းအနားတွင် မွန်အမျိုးသားအလံနှင့် ကျဆုံးလေပြီးသော မွန်အာဇာနည်များအား အလေးပြုကြပြီး သဘာပတိနိုင်မင်းသောင်းသျှင်က အဖွင့်နှုတ်ခွန်းဆက်စကားမြွက်ကြားသည်။ ထို့နောက် (၇၅) ကြိမ်မြောက် မွန်အမျိုးသားနေ့ (ရန်ကုန်)ကျင်းပရေး ကော်မ တီဥက္ကဋ္ဌ ဒေါက်တာနိုင်ခင်စိန်က အမှာစကားပြောကြားပြီး (၇၅)ကြိမ်မြောက် စိန်ရတုမွန်အမျိုးသားနေ့ (ဗဟို)ကော်မတီကပေးပို့သည့် သဝဏ်လွှာကို အတွင်းရေးမှူး မင်းရာဇာရဲထွဋ်က ဖတ်ကြားသည်။

အခမ်းအနားတွင် မွန်ရိုးရာတူရိယာများဖြင့် သီဆိုတီးမှုတ်ခြင်း၊ မွန်ရိုးရာ ဟင်္သာယိမ်းအက၊ တပင်တိုင်အကတို့ဖြင့် ကပြဖျော်ဖြေခဲ့ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ သက္ကရာဇ် ၁၁၁၉ ခုနှစ် တပို့တွဲလဆန်း (၁) ရက်နေ့တွင် မွန်အမျိုးသားညီနောင်နှစ်ပါးဖြစ်သည့် သမလမင်းနှင့် ဝိမလမင်းတို့က မျက်မှောက်ခေတ် ပဲခူးမြို့နေရာဒေသတွင် မွန်အမျိုးနွယ်စုတို့အား ဦးဆောင်ကာ ပထမဟံသာဝတီနေပြည်တော်ကိုထူထောင်ခဲ့သည်။ ယင်းနေ့ကို မွန်အမျိုးသားနေ့အဖြစ် သတ်မှတ်လိုက်ခြင်းဖြင့် လွန်ခဲ့သည့် ပထမထောင်စုနှစ်ကာလကတည်းကပင် မွန်လူမျိုးတို့၏ ကြီးမြတ်သောသမိုင်းနှင့် ယဉ်ကျေးမှုအဆင့်အတန်း မြင့်မားစွာတည်ရှိခဲ့ခြင်းကို အသိအ မှတ်ပြု မှတ်တမ်းတင်ဖော်ပြခြင်းပင်ဖြစ်သည်။

(၇၅)ကြိမ်မြောက် စိန်ရတုမွန်အမျိုးသားနေ့အခမ်းအနားကို မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရေးမြို့နယ်၊ လမိုင်းမြို့တို့တွင်လည်း ကျင်းပခဲ့ကြောင်း သိရသည်။

သတင်း - အောင်မြင့်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)