သာစည်မြိုနယ်တွင် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

သာစည်မြိုနယ်တွင် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိ


MNP - ဖေဖော်ဝါရီ    ၁၇

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြိုနယ်တွင် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး များ ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှ စတင်၍ သာစည်မြို ပြည်သူ့ဆေးရုံကြီး ဆေးထိုးစုရပ်နှင့် ဆူးပုတ်ကန် ကျေးရွာ ဆေးထိုးစုရပ်များတွင် ဆက်လက်ထိုးနှံပေးကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် လူတစ်ဦးလျှင် တစ်ကြိမ်သာ ထိုးနှံပေးသည့် ရုရှားနိုင်ငံထုတ် Sputnik Light ကာကွယ်ဆေးဖြစ်ပြီး သတ္တမအသုတ်အဖြစ် သာစည်မြိုနယ်အတွင်းရှိ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် အသက် ၁၈ နှစ် ပြည့်ပြီးသူ ပြည်သူ ၂၈၈ ဦး၊ ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားရှိပြီး ခြောက်လပြည့်သော ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူ ၄၃၈ ဦးတို့အား ထပ်ဆောင်း Booster dose ထိုးနှံပေးခဲ့သည်။

သာစည်မြိုနယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ၂၀၂၁ ခုနှစ်၊ ဇူလိုင် ၃၁ ရက်မှစ၍ ဦးတည်အုပ်စုအလိုက် ထိုးနှံပေးခဲ့ရာ ယမန်နေ့အထိ Sinopharm ပထမအကြိမ် ထိုးနှံပြီးသူ ၆၂၈၆၉ ဦး၊ ဒုတိယအကြိမ် ထိုးနှံပြီးသူ ၅၇၅၄၁ ဦး၊ Sonovac ပထမအကြိမ် ထိုးနှံပြီးသူ ၁၇၇၉၆ ဦးနှင့် ဒုတိယအကြိမ် ထိုးနှံပြီးသူ ၁၆၇၉၃ ဦး၊ COVISHIELD ပထမအကြိမ် ထိုးနှံပြီးသူ ၇၅၄၆ ဦး၊ ဒုတိယအကြိမ် ထိုးနှံပြီးသူ ၁၇၆ ဦး၊ Sputnik Light ထိုးနှံပြီးသူ ၄၃၆၃ ဦး ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)