မလေးရှားက စားအုံးဆီကို အသုံးမပြုကြဖို့ ဦးမိုးဟိန်း တိုက်တွန်းပြီ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မလေးရှားက စားအုံးဆီကို အသုံးမပြုကြဖို့ ဦးမိုးဟိန်း တိုက်တွန်းပြီ


MNP ၊ ဖေဖော်ဝါရီလ ၂၁

အာဆီယံဒေသတွင်းနိုင်ငံတွေထဲမှာ မြန်မာနိုင်ငံအပေါ် ကောက်ကျစ်ယုတ်မာနေတဲ့ မလေးရှားကို လုံးဝဆန့်ကျင်သွားဖို့၊ မလေးရှားက စားအုံးဆီကို လုံးဝအသုံးမပြုကြဖို့ သူရိယနေဝန်းဂျာနယ်၏ CEO ဦးမိုးဟိန်းက တိုက်တွန်းလိုက်ပါတယ်။

ဦးမိုးဟိန်းက "မလေးရှား လောက်ယုတ်မာပြီးအကြံပက်စက်တဲ့  ဒေသတွင်း နိုင်ငံနဲ့ မြန်မာပြည် ခရီးစက် နေရင် တော့ ပြည် ထောင်စုပြိုကွဲရေး ဘူတာကိုသွားနေတဲ့ ရထားတစ်စီးပမာ သာဖြစ်လာ ပေလိမ့်မယ်။ (၁) မလေးရှားက စားအုန်းဆီတင်သွင်းတာ ရပ်ဆိုင်းပြီး အခြားနိုင်ငံတစ်ခုက  ပြောင်းလဲတင်သွင်းဖိုစဉ်းစားအ ဖြေရှာရန်၊ (၂) မလေးရှားသည် မြန်မာပြည်ထောင်စုဖြိုခွဲဖို နည်းလမ်းပေါင်းစုံ ဖြင့်ကြံစည် ဆောင်ရွက်နေသော ရန်သူနိုင်ငံဖြစ်ကြောင်း လူထုဆန္ဒပြပွဲများ ဖော်ထုတ်ပြီး ဆန့်ကျင်ရန်၊ (၃)  အာစီယံဆိုတာ ၁၉၆၇ ခုနှစ်မှ ပေါ်လာတာ မြန်မာပြည်ဆိုတာ  BC   ခေတ်  တကောင်းအဘိရာဇာ ဟန်လင်း ဗိသနိုး  ဓညဝတီ  ဥသာပဲခူး သုဝဏ္ဏဘုမိ ပုဂံ  မတိုင်ခင်  နှစ် ၂၀၀၀  ကျော် ပုံ ပေါပြီး နှစ်တစ် ထောင်ပြည့်တော့မယ့်ရာဇဝင် သမိုင်းထဲက ရာဇဝင်များ၏သတိုသား ရာဇဝင်ထဲကသတိုသမီး မြန်မာတွေ  ဓညဝတီ ဗိသနိုး သ ရေ ခေတ္တရာ ပုဂံ  ဘုရား တွေ ဆောက် နေတုန်းအချိန်က  မလေးရှားဆိုတာ  မလေးယား  ဘော်နီယို မိုးသစ် တောကြီး တွေထဲမှာ သစ်ရွက်ခါးစည်းပြီး  လေးမြှားနဲ့အမဲလိုက်နေတဲ့ လူရိုင်း တွေဘဝသာရှိ သေးတဲ့ နောက် ပေါက် ရွှေကြာပါ ဝါးနုက ဝါးရင့်ကို လာပတ်နေတာ ခံနိုင်တဲ့ခံကြ သည်းခြေမရှိတဲ့သူ တွေ မလေးရှားက မြန်မာပြည်နားရွက်ကိုတံတွေးစွတ်တာ ခံကြ၊ ငါ တော့မခံဘူး" လို့ သူရဲ့ Telegram Channel ကနေ ရေးသားပြောဆိုထားပါတယ်။

ဆက်ပြီးတော့ "ငါအသက်ရှင် နေတာ ဧရာဝတီ သံလွင် စစ်တောင်း ချင်းတွင်းရဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့၊ ငါ့ဘိုးဘွား တွေးအသက် သွေး ချွေးရင်းပြီး ထားခဲ့တဲ့ ဒီမြေ၊ ဒီပြည်ထောင်စုကိုကာကွယ်ဖို့၊ ရင်ဘတ်တူသူ တွေငါနဲ့ပူး ပေါင်းကြ၊ မလေးရှားကိုလုံးဝဆန်ကျင်သွားမယ်၊ မလေးရှားက စားအုန်းဆီစားမှ အသက်ရှင်မယ့်အစား အသေခံသွားကြမယ် ဟေ့ဆိုတဲ့  မျိူချစ်စိတ်အလံတော်ကို အမြင့်မားဆုံးလွှင့်တင်ကြစို့၊ မလေးရှားစားအုန်းဆီမစားသုံး ရေး ကမ်းပိန်း ဆောင်ရွက်ကြပါ၊ မလေးရှားဆီတင်သွင်း မှုရပ်ဆိုင်းရေးကြိုးပမ်းကြပါ" လို့ ဦးမိုးဟိန်းက တိုက်တွန်းလိုက်ခြင်း ဖြစ်ပါတယ်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)