MNP ၊ ဖေဖော်ဝါရီ ၂
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ဌာနဆိုင်ရာများစုပေါင်း၍ ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ညနေ(၃)နာရီအချိန်က ပေါက်တောရွှေမြေအားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျော်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စစ်ကြောင်းမှူးမှ အလေးပြုချီတက်ခြင်းဖြင့် ဦးဆောင်၍ ဘောလုံးအားကစားသမားများက သစ္စာအဓိဌာန်(၄)ချက်ကို ရွတ်ဆိုခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ကျောင်းသား/ကျောင်းသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြသည်။
အဆိုပါ(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီလ(၂)ရက်နေ့မှ ဖေဖော်ဝါရီလ(၁၂)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး အုပ်စု(၂)စုခွဲ၍ အသင်း(၈)သင်းတို့မှ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ အုပ်စု(က)တွင် ညွန့်ပေါင်း(၁)၊ ညွန့်ပေါင်း(၂)၊ ညွန့်ပေါင်း(၃)၊ ညွန့်ပေါင်း(၄)တို့ပါဝင်ပြီး၊ အုပ်စု(ခ)တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကျန်းမားရေးဌာန၊ မြို့နယ်ပညာရေးဌာန၊ မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပါဝင်ကစားကြမည်ဖြစ်ပြီး၊ ဖွင့်ပွဲနေ့ပွဲစဉ်အဖြစ် အုပ်စု(က)မှ ညွန့်ပေါင်း(၁)နှင့် ညွန့်ပေါင်း(၃)တို့ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဆုရရှိသည့် ပထမ၊ ဒုတိယအသင်းကို (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment