Pages

Pages

ပေါက်တောမြို့၊ ဘဝမ်းရပ် မြို့မကျောင်းအဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲအခမ်းအနားပြုလုပ်


MNP ၊ ဖေဖော်ဝါရီ ၂

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်‌၊ ပေါက်တောမြို့၊ ဘဝမ်းရပ်၌ ၂၀၂၂ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့မအခြေခံပညာအထက်တန်းကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်ပွဲကို ယနေ့နံနက် ၉နာရီက မြို့မ-အ.ထ.ကကျောင်း တွင်ပြုလုပ်သည်။

    






အဆိုပါအခမ်းအနားတွင် နံနက်  ၇:၀၀နာရီက သံဃာတော် (၅)ပါးပင့်ဆောင်၍ အန္တရာယ်ကင်းပရိတ်တရားတော်မြတ်ကိုနာကြားကြသည်။ အ.ထ.ကကျောင်း အဆင့်တိုးမြှင့်ဆိုင်းဘုတ်တင် အခမ်းအနားဖွင့်လှစ်ပွဲကို ပေါက်တောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးကျော်ဝင်း မှစက်ခလုတ်နှိပ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး အောင်ဇင်သန်းနှင့် မြို့မ ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းနွဲ့တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

    

ဆက်လက်၍ မြို့မ-‌အ.ထ.က ကျောင်းဟောခန်းမ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဝင်းက အဖွင့်အမှာစကားပြောကြားခြင်း၊ ခေတ္တမြို့နယ် ပညာရေးမှူး ဒေါ်စံလှဝင်းက ဝမ်းသာပိတီစကားပြောကြားပေးခြင်း၊ ကျောင်းအကျိုးတော်ဆောင် ဦးသန်းဝင်းချေက အ.ထ. ကကျောင်းအဆင့်တိုးမြှင့်ရရှိနိုင်အောင်ဝိုင်းဝန်းပြီး ကြိုးကြိုစားစားဆောင်ရွက်ခဲ့ကြသော စေတနာရှင်များအား ကျေးဇူးတင်စကားပြောကြားခြင်း၊ မြို့မ-ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းနွဲ့ က အခမ်းအနားသို့ကြွရောက်လာကြသူများအား ကျေးဇူးတင်စကားပြောကြားပြီး၊ မြို့မ-အ.ထ.ကကျောင်း မဖြစ်သေးမီ နိုင်ငံတော်အစိုးရက (၁၉၈၆)ခုဇူလိုင်လ(၁)နေ့မှစပြီး အခြေခံပညာအလယ်တန်းကျောင်း အဖြစ်စတင်ဖွင့်လှစ်ပေးခြင်း၊ (၂၀၁၅)ခုနှစ် ဇွန်လ(၆)ရက်မှ အထက်တန်း ကျောင်းခွဲအဖြစ်တိုးမြှင့်ပေးခြင်းကို ရရှိခဲ့ပြီး ယခု၂၀၂၂-ခုနှစ်ဇန်နဝါရီလ(၂)ရက်နေ့တွင် မြို့မ-အ.ထ. က အဆင့်တိုးမြှင့်ပေးခြင်းကိုရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။


ဖွင့်ပွဲ့အခမ်းအနားကို (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့‌ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဆိုင်းဘုတ်တင်ဖွင့်လှစ်‌ခြင်းဖြစ်ကြောင်း၊ လက်ရှိ မြို့မ အ.ထ.ကကျောင်းတွင် ကျောင်းအုပ်ဆရာမကြီး(၁)ဦး ၊ အထက်တန်းပြ(၇)ဦး ၊ အလယ်တန်းပြ(၈)ဦး ၊ မူလတန်းပြ(၈)ဦး ရုံးစာရေး (၃)ဦးတို့ရှိပြီး၊ အထက်တန်းကျောင်းသား/သူ (၁၁၁)ဦး၊ အလယ်တန်းကျောင်းသား/သူ (၂၁၀)ဦး၊ မူလတန်း ကျောင်းသား/သူ(၂၄၅)ဦးတို့တက်ရောက်‌ပညာသင်ကြားလျက်ရှိကြောင်း သိရှိရသည်။


သတင်း - ကျော်သန်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment