ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာများအား ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး အသွားအလာကန့်သတ်စောင့်ကြည့်ရေးစင်တာများအား ကြည့်ရှုစစ်ဆေး




MNP - ဖေဖော်ဝါရီ    ၂၂

ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ ယမန်နေ့နံနက်ပိုင်းက ဘားအံမြို့ပေါ်ရှိ အသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာများ ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများ အားသွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စိုက်ပျိုးရေးသိပ္ပံ(ဇွဲကပင်)၏ မွေးမြူရေးသင်တန်းကျောင်း  တည်ဆောက်နိုင်ရေး တိုးချဲ့မြေနေရာအား သွားရောက်ကြည့်ရှု့စစ်ဆေးရာ စိုက်ပျိုးရေးသိပ္ပံ (ဇွဲကပင်) ခေတ္တကျောင်းအုပ်ဆရာမကြီးနှင့် တာဝန်ရှိသူများက အဆိုပါမြေနေရာနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နည်းပညာတက္ကသိုလ်(ဘားအံ) (၃)ထပ်ကျောင်းဆောင်အား အသွားအလာ ကန့်သတ်စောင့် ကြည့်ရေးစင်တာအဖြစ် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေးရာ ဘားအံခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်လွင်၊ ဘားအံမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာခင်မိုးအေးနှင့် တာဝန်ရှိသူများက ရေ၊ မီး၊ သန့်စင်ခန်း၊ အိပ်ဆောင်များ ပြင်ဆင်ထားရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ၂၀၂၁-၂၀၂၂ (၆)လဘဏ္ဍာနှစ်တွင် ပြည်နယ်အစိုးရ ခွင့်ပြုရန်ပုံငွေ ၁၆၈၃ ဒသမ ၇၇၅ သန်းဖြင့် သံလွင်တံတား သုံးမြှောင့်လမ်းဆုံ ၀ ကီလိုမီတာမှ ကမော့ကစင်ကျေးရွာ ၂ ဒသမ ၇၇၅ ကီလိုမီတာထိ ဘားအံမြို့ရှောင်လမ်းအပိုင်း(၁) တာဘောင်ဖို့ မြေသာလမ်းဖောက်လုပ်ခြင်း၊ အမာခံရရှိစေရန် မိုင်းချီးကြိတ်ခင်းခြင်း၊ ရေစီးရေလာကောင်းမွန်ရေး Box Culvert ထည့်သွင်းတည်ဆောက်ခြင်း လုပ်ငန်းများအား သွားရောက်ကြည့်ရှု့စစ်ဆေးရာ တာဝန်ရှိသူ များက လမ်းဖောက်လုပ်မှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က မိုးများသည့် ဒေသဖြစ်သည့်အတွက် လမ်းရေရှည်တည်တံ့ကောင်းမွန်စေရေး ရေမြောင်းများ စနစ်တကျ ထည့်သွင်း တည်ဆောက်ရန်နှင့် သတ်မှတ်စံချိန်စံနှုန်းများနှင့်အညီ အချိန်မီပြီးစီးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လမ်းညွှန်မှာကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကုတင်(၅၀)ဆံ့ ဘားအံတိုင်းရင်းဆေးရုံသို့ ရောက်ရှိပြီး ဆေးရုံတက်ရောက်ကုသမှု ခံယူနေသူများအား တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသပေးထားမှုနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်လာမှု အခြေအနေများကို ရင်းရင်းနှီးနှီး မေးမြန်းအားပေးစကား ပြောကြားပြီး ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကုတင်(၅၀)ဆံ့ ဘားအံတိုင်းရင်းဆေးရုံ၏ နှစ်ထပ်လူနာဆောင်ကို ကိုဗစ်-၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာများအား ရောဂါကုသရေးစင်တာအဖြစ် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှု့စစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ ကို လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် ကရင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏(၂/၂၀၂၂)အစည်းအဝေးကို မွန်းလွဲ ၂ နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ (၃)၌ ကျင်းပရာ ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ  ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး Myanmar Yatai International Holding Group Co.,Ltd မှ တည်ဆောက်ရေးကာလအား ပထမအကြိမ်တိုးမြှင့်ခွင့်ပြုပါရန်နှင့် ပြည်ပဝန်ထမ်း(၃၀)ဦးတိုးမြှင့်ခန့်ထားခွင့်ပြုပါရန် တင်ပြလာခြင်းအပေါ် ကရင်ပြည်နယ် အစိုးရအဖွဲ့သို့ သဘောထားတောင်းခံလာခြင်း၊ ညီနောင်ဦးကုမ္ပဏီလီမိတက်မှ ဝင်ငွေခွန်ကင်းလွတ်ခွင့် ကာလတိုးမြှင့်ခံစားခွင့်ပြုပါရန် တင်ပြလာခြင်း ကိစ္စရပ်များအား ဆွေးနွေးခဲ့ကာ ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ဒေသတွင်းကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့မှုအခြေအနေများအား ရှင်းလင်းတင်ပြကာ ပြည်နယ် ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်း - စောမျိုးမင်းသိန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)