အကြမ်းဖက်လှုံ့ဆော်ခြင်းကြောင့် တရားစွဲဆိုထားသူ(၂)ဦး ပြစ်ဒဏ်ချမှတ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အကြမ်းဖက်လှုံ့ဆော်ခြင်းကြောင့် တရားစွဲဆိုထားသူ(၂)ဦး ပြစ်ဒဏ်ချမှတ်



MNP ၊ ဖေဖော်ဝါရီ ၂၂

မဲလိမ် မဲခိုးမှုများကြောင့် NLD ပါတီ အာဏာလက်လွှတ်ဆုံးရှုံးခဲ့ရပြီးနောက် ဆူပူအုံကြွမှုများ ဖြစ်ပေါ်စေရန် လှုံ့ဆော်ခဲ့သူ ထင်လင်းဦးနှင့် စာရေးဆရာ မောင်သာချိုတို့ (၂)ဦးကို မြောက်ဥက္ကလာတရားရုံးမှ ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း သိရသည်။


အကြမ်းဖက်လှုံ့ဆော် ဘာသာရေးစော်ကားသူ ထင်လင်းဦးအား ထောင်ဒဏ်(၃)နှစ်၊ NLD လော်ဘီစာပေဟောပြောသူ စာရေးဆရာမောင်သာချိုအား ထောင်ဒဏ်(၂)နှစ် အသီးသီးချမှတ်လိုက်ကြောင်း သိရသည်။ ၎င်းတို့ (၂)ဦးအား ပုဒ်မ ၅၀၅-က ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။


NLD ဗဟိုကော်မတီဝင် ထင်လင်းဦးသည် ချောင်းဦးမြို့နယ်တွင် ဗုဒ္ဓဘာသာကို စော်ကားဟောပြောမှုကြောင့် ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီး NLD အာဏာရလာသည့်အချိန်တွင် သီးသန့်လွတ်ငြိမ်းချမ်းသာခွင့်ပေး၍ လွှတ်ပေးခဲ့သည့် ဘာသာရေးစော်ကားသူတစ်ဦး ဖြစ်သည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)