ကော့ကရိတ်မြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့ကရိတ်မြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ထိုးနှံပေး

 


MNP - ဖေဖော်ဝါရီ   ၂၂

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးဖြစ်သည့် ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများအား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး Booster Dose ပြန်လည်ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉)နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌတို့၏ ကြီးကြပ်မှုဖြင့် မြို့နယ် ကျန်းမာရေးမှူး ဒေါ်မျိုးမျိုးလှိုင်ဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်း (၃၅၀)ဦး တို့အား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့ကြောင်းနှင့် ဖေဖော်ဝါရီ ၁၇ ရက်နေ့တွင်လည်း ကျန်းမာရေး ဝန်ထမ်း၊ ပညာရေးဝန်ထမ်းနှင့် ရဲတပ်ဖွဲ့ဝင် (၄၁၆)ဦးတို့အား ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပြီးစီးခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် ဝန်ထမ်းများကို သတ်မှတ်ရက်များအလိုက် စုရပ်များခွဲပြီးတော့ ဆက်လက်ထိုးနှံပေးသွားမှာ ဖြစ်သလို၊ မနက်ဖြန်မှာတော့ ကော့ကရိတ်မြို့နယ်အတွင်းရှိတဲ့ အသက် (၆၅)နှစ်နှင့်အထက် ပြည်သူများကို ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ပါတယ်။ ယခု ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး ထိုးနှံပေးတဲ့အခါမှာ ယခင်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  (COVID SHIElD) နှစ်ကြိမ်ထိုးနှံပြီးတဲ့လူတွေကိုဘဲ ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး (COVAXIN) ထိုးနှံသွားမှာဖြစ်ပါတယ်။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  (SINOPHARM)ထိုးထားတဲ့ လူတွေအနေနဲ့ လာရောက်မထိုးဖို့တော့လိုပါတယ်။ ဘာလို့လဲဆို တော့ ယခုထပ်ဆောင်း ကာကွယ်ဆေးနဲ့က ဆေးဝါးကိုက်ညီမှုမရှိတဲ့အတွက် အကျိုးအာနိသင်တော့ ရှိမှာမဟုတ်ပါဘူး။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  (SINOPHARM)ထိုးထားတဲ့ လူတွေကိုတော့ နောက်တစ်ကြိမ် ကိုဗစ်-၁၉ ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ကျရင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  (COVID SHIElD)ကို ပြန်လည်ထိုးနှံပေး သွားမှာဖြစ်တယ်ဟု မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သတင်း - စောအောင်မျိုးလွင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)