(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဂေါက်သီးရိုက် ပြိုင်ပွဲတွင် အောင်ပွဲရ ကချင်ပြည်နယ်ကိုယ်စားပြု ဂေါက်သီးရိုက်အသင်းအား ဂုဏ်ပြုကြိုဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် တိုင်းဒေသကြီးနှင့်ပြည်နယ် ဂေါက်သီးရိုက် ပြိုင်ပွဲတွင် အောင်ပွဲရ ကချင်ပြည်နယ်ကိုယ်စားပြု ဂေါက်သီးရိုက်အသင်းအား ဂုဏ်ပြုကြိုဆို


MNP - ဖေဖော်ဝါရီ    ၁၅

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဂေါက်သီးရိုက် ပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ သွားရောက် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အသင်းလိုက်နှင့် တစ်ဦးချင်းဆုများ ဆွတ်ခူးရယူ ခဲ့ကြသော ပြည်နယ် ကိုယ်စားပြု ဂေါက်သီးရိုက်အသင်းအား ယမန်နေ့နံနက် ၁၁ နာရီက မြစ်ကြီးနားလေဆိပ်၌ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြိုဆို ဂုဏ်ပြုခဲ့ကြသည်။

အဆိုပါ ပြည်နယ်ကိုယ်စားပြု ဂေါက်သီးရိုက်အသင်းအနေဖြင့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်မြို့တော်ဂေါက်ကွင်း (ငွေသော်တာ)၌ ဖေဖော်ဝါရီ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ သည့် တိုင်းဒေသကြီးနှင့် ပြည်နယ် ဂေါက်သီးရိုက် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အမျိုးသားအသင်းလိုက် (အကျောပေး) ပြိုင်ပွဲတွင် တတိယဆုဖလား ကိုလည်းကောင်း၊ အမျိုးသမီးအသင်းအနေဖြင့် အသင်းလိုက် (အကျောပေး)ပြိုင်ပွဲတွင် ပထမဆု ဖလားနှင့် တစ်ဦးချင်းအကျောပေးပြိုင်ပွဲတွင် ပထမနှင့် ဒုတိယဆုများ၊ အကျောမဲ့ပြိုင်ပွဲတွင် တတိယဆုများကို လည်းကောင်း အသီးသီးဆွတ်ခူးရရှိခဲ့ပြီး ပြန်လည်ရောက်ရှိလာရာ  ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်မြတ်သက်ဦးနှင့် ဒုတိယတိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် တိုင်းရင်း သားရိုးရာ ယဉ်ကျေးမှုအဖွဲ့များက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ကချင်ပြည်နယ်ကိုယ်စားပြု ဂေါက်သီးရိုက်အသင်းအနေဖြင့် ပြည်နယ်အစိုးရအဖွဲ့၏ ပံ့ပိုးကူညီမှုဖြင့် အသင်းအုပ်ချုပ်သူ ဦးခင်မောင်ငြိမ်း (ဗိုလ်မှူးကြီး၊ ငြိမ်း)နှင့် နည်းပြဦးနေမင်းတို့ ဦးဆောင်ပြီး အမျိုးသား၊ အမျိုးသမီး (၆)ဦးတို့ဖြင့် သွားရောက် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)