ဝါးခယ်မမြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်မှ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို လာရောက် စစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဝါးခယ်မမြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်မှ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို လာရောက် စစ်ဆေး

 




MNP - ဖေဖော်ဝါရီ    ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်သည် ကျွန်းကုန်းကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်းနှင့် အ.ထ.က၂(ဝါးခယ်မ)ကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးကာ ကျောင်းတစ်ကျောင်းလျှင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် တစ်ခါသုံး နှာခေါင်းစည်း ၃ ဘူး၊ လက်သန့်ဆေးရည် ၂ ဘူးတို့ကို ကျောင်းအုပ်ဆရာမကြီး၊ ကျောင်းအုပ်ဆရာကြီးနှင့် တာဝန်ရှိသူများကို ပေးအပ်ခဲ့ပြီး ဝါးခယ်မမြို့ပတ်လမ်းရှိ ရွှေခယ်ဇီဝိတ အောက်ဆီဂျင် စက်ရုံသို့ ရောက်ရှိကာ ထုတ်လုပ်လည်ပတ်နေမှု အောက်ဆီဂျင်လုံလောက်စွာ ဖြန့်ဖြူးနိုင်မှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ဝန်ကြီးသည် ကိုဗစ်ပိုးတွေ့လူနာထားရှိရန် ပြင်ဆင်ထားသော ဟံသာဝတီကျောင်းတိုက်သို့ သွားရောက် စစ်ဆေးပြီး မြို့နယ်ပြည်သူ့ဆေးရုံ ကုတင်(၅၀၀)သို့ ရောက်ရှိကာ ဆေးရုံတက် လူနာ ကျား ၁၆ ဦး၊ မ ၃၆ ဦး၊ စုစုပေါင်း ၅၂ ဦးတို့ကို ကြည့်ရှုအားပေးခဲ့သည်။

မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းထက်တို့က လူနာများအတွက် ပြင်ဆင်ထားရှိမှု အခြေအနေနှင့် ဆောင်ရွက်ထားရှိမှုများကို တင်ပြ ခဲ့ကြကြောင်း သိရသည်။

ထို့နောက် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်နှင့် အဖွဲ့သည် ၁၄၄၀ နာရီအချိန်တွင် ဝါးခယ်မမြို့တွင်းသို့ လှည့်လည်ကြည့်ရှု ခဲ့ကြပြီး ပုသိမ်မြို့သို့ ပြန်လည်ထွက်ခွာ သွားကြောင်း သိရသည်။

သတင်း - ရီရီလွင်

မြန်မာနေနယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)