တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအား ထောက်ခံပွဲများ ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအား ထောက်ခံပွဲများ ပြုလုပ်








MNP ၊ ဖေဖော်ဝါရီ  ၂

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဉပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိသည့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက်ခံပွဲကို ယနေ့တွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်လန်မြို့၌ လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း) အတွင်းရှိ မြို့နယ် ၇ မြို့နယ်တို့၌လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ရန်ကင်းမြို့နယ်နှင့် သန်လျင်မြို့နယ်တို့၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်နှင့် တောင်သာမြို့နယ်တို့၌လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီးအတွင်း ရှိ မြို့နယ် ၄ မြို့နယ်တို့၌လည်းကောင်း အသီးသီးပြုလုပ်ကြပြီး ဆန္ဒဖော်ထုတ်ခဲ့ကြသည်။


ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအား ထောက် ခံပါသည်၊ အမျိုးဘာသာ သာသနာကိုစောင့်ရှောက်သော မြန်မာ့တပ်မတော်အား ထောက်ခံပါသည်၊ NUG, CRPH, PDF အကြမ်းဖက်သမားအလိုမရှိ၊ NUG, CRPH, PDF အကြမ်းဖက်လုပ်ရပ်များအား ဆန့်ကျင်ကြ၊ ပြည်ထောင်စုမပြိုကွဲရေး ဒို့အရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး ဒို့အရေး၊ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေး ဒို့အရေး၊ ပြည်ပအားကိုး ပုဆိန်ရိုးများအား ဆန့်ကျင်ကြ၊ တိုင်းပြည် ပြိုကွဲအောင် ကြံဆောင်သူမှန်သမျှ ဆန့်ကျင်ကြ၊ တိုင်းပြည်တည်ငြိမ်အေးချမ်းဖို့ တပ်မတော်နဲ့လက်တွဲစို့၊ တိုင်းပြည်သာယာအေးချမ်းရေး တပ်နဲ့ပြည်သူလက်တွဲပေး၊ မြန်မာ့ပြည်တွင်းရေး ပြည်ပဖြည့်စွက်မှုအလိုမရှိ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လုပ်ငန်းစဉ်(၅)ရပ်အား ထောက်ခံပါသည်၊ ပြည်ဖျက်သည့် CRPH၊ NUG လူသတ်သည့် PDF ဆန့်ကျင်ကြ၊ NUG၊ PDF အကြမ်းဖက်မှုအမြစ်ဖြတ်၊ NUG၊ PDF အကြမ်းဖက်မှု တွေ မြင်အောင်ကြည့်၊ NUG၊ PDF ရဲ့ ပြည်သူ့အပေါ် အကြမ်းဖက်မှုချက်ချင်းရပ်’’ စသည့် စာသားပါ ဆိုင်းဘုတ်များအား ကိုင်ဆောင်ကြွေးကြော်ခဲ့ကြသည်။


NLD ပါတီ ဦးဆောင်သူများသည် ၎င်းတို့၏ မဲလိမ် မဲခိုး မဲမသမာမှုများကြောင့် အာဏာလက်မဲ့ဖြစ်ခဲ့ရသည့်အချိန်မှစ၍ တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် နည်းလမ်းမျိုးစုံဖြင့် လှုံ့ဆော်ခဲ့ကြပြီး ရဟန်းရှင်လူ ပြည်သူများကို လုပ်ကြံသတ်ဖြတ်သည်အထိ ယုတ်မာရိုင်းစိုင်းလာသောကြောင့် NLD အစွန်းရောက် နိုင်ငံရေးလုပ်စားသူ တိုင်းတပါး လက်ပါးစေ ပြည်ဖျက်မိစ္ဆာများအား ပြည်သူများက ဆန့်ကျင်ရှုတ်ချမှုများ လုပ်ဆောင်လာကြခြင်းဖြစ်သည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)