ဆားတောင်မြို့ရှိ မြို့စည်ပင်ရုံးနှင့် မြင်းမူမြို့အဝင်ရှိ ရွှေတောင်ကုမ္ပဏီပိုင် တိုးဂိတ်အား NLD အစွန်းရောက်များဖွဲ့စည်းထားသည့် PDF အကြမ်းဖက်သမားများက ဖောက်ခွဲဖျက်ဆီး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဆားတောင်မြို့ရှိ မြို့စည်ပင်ရုံးနှင့် မြင်းမူမြို့အဝင်ရှိ ရွှေတောင်ကုမ္ပဏီပိုင် တိုးဂိတ်အား NLD အစွန်းရောက်များဖွဲ့စည်းထားသည့် PDF အကြမ်းဖက်သမားများက ဖောက်ခွဲဖျက်ဆီး




MNP ၊ ဖေဖော်ဝါရီ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ရှိ မြို့စည်ပင်ရုံးနှင့် မြင်းမူမြို့ အဝင်ရှိ ရွှေတောင် ကုမ္ပဏီပိုင်တိုးဂိတ်အား NLD အစွန်းရောက်များဖွဲ့စည်းထားသည့် PDF အကြမ်းဖက်သမားများက ဖောက်ခွဲ ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ထိုသို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ရာ ဇန်နဝါရီလ ၃၁ ရက်နေ့ ည ၁၁ နာရီအချိန်တွင် စစ်ကိုင်းမြို့နယ်၊ ဆားတောင်မြို့ရှိ မြို့နယ်စည်ပင်ရုံးအတွင်းသို့ NLD အစွန်းရောက်များဖွဲ့စည်းထားသည့် PDF အကြမ်းဖက်သမားများက ဝင်ရောက် ဖျက်ဆီးခဲ့၍ အဆိုပါရုံးအဆောက်အဦတွင် တပ်ဆင်ထားသည့် ပြတင်း တံခါးမှန် ၉ ချပ်၊ ဘေစင်တစ်ခုနှင့် Water Cooler တစ်လုံးတို့ ပျက်စီးသွားကြောင်း သိရသည်။


အလားတူ ဖေဖော်ဝါရီလ ၁ ရက်နေ့ ည ၁၂ နာရီ ၁၀ မိနစ်အချိန်တွင် မြင်းမူမြို့အဝင်၌ ရွှေတောင် ကုမ္ပဏီမှ တည်ဆောက်ထားပြီး လမ်းအသုံးပြုခများ ကောက်ခံလျက်ရှိသည့် တိုးဂိတ်အား NLD အစွန်းရောက်များဖွဲ့စည်းထားသည့် PDF အကြမ်းဖက်သမား ၃၀ ဦးခန့် LIGHT TRUCK မော်တော်ယာဉ်တစ်စီး၊ မော်တော် ဆိုင်ကယ် ၅ စီးတို့ဖြင့် ရောက်ရှိလာပြီး လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သဖြင့်  အဆိုပါ တိုးဂိတ်တွင် တပ်ဆင်ထားသည့် CCTV ၁၈ လုံး၊ Industrial Computer ၆ လုံး၊ Touch Monitor ၆ လုံး၊ Sever Reck ၁ လုံး၊ Line Station ၄ လုံးနှင့် တိုးဂိတ်အဆောက်အဦ မျက်နှာကျက်အမိုးများ (စုစုပေါင်း ခန့်မှန်းတန်ဖိုး သိန်း ၁,၀၀၀ ကျပ်ခန့်) ပျက်စီးဆုံးရှုံး ခဲ့ကြောင်း သိရသည်။


ထိုကဲ့သို့ နိုင်ငံတော်ပိုင်၊ ပုဂ္ဂလိကပိုင် အဆောက်အဦများအား ဖောက်ခွဲဖျက်ဆီးမှုများ ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေခံ တပ်မတော် စစ်ကြောင်းများနှင့် ပူးပေါင်းကာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)