Pages

Pages

ကုန်သည်စက်မှုအသင်းချုပ်၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (ဗ-၁၂/၁၉-၂၂) အစည်းအဝေးကျင်းပ


MNP - ဖေဖော်ဝါရီ    ၂၁

 လမ်းမတော်မြို့နယ်၊ကုန်သည်စက်မှုအသင်းချုပ်၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ (ဗ-၁၂/၁၉-၂၂) အစည်းအဝေးအား ယမန်နေ့တွင် Virtual Meeting စနစ်ဖြင့် ကျင်းပခဲ့ရာ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းမှ အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဗဟိုအလုပ် အမှုဆောင်များမှ တင်ပြချက်များ၊ အကြံပြုချက်များကို ပြန်လည်တင်ပြဆွေးနွေးခဲ့ကြသည်။

 အစည်းအဝေးတွင် လတ်တလောရင်ဆိုင်နေရသော စီးပွားရေးဆိုင်ရာ အခက်အခဲများ၊ အလုပ်ရှင်၊ အလုပ်သမားရေးရာကိစ္စရပ်များ၊ လူမှုဖူလုံရေးကိစ္စရပ်များ၊ ကွာရန်တင်း ဝင်ရောက် ရေးကိစ္စရပ်များ၊ ကုန်ထုတ်လုပ်မှုကဏ္ဍ၊ Logistics နှင့် Supply Chain ဆိုင်ရာကိစ္စရပ်များ၊ သွင်းကုန်လိုင်စင် ကိစ္စရပ်များ စသည်တို့အား အပြန်အလှန်တင်ပြဆွေးနွေးခဲ့ကြသည်။

အစည်းအဝေးသို့ အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးဝေဖြိုး၊ ဦးသောင်းတင်၊ အထွေထွေ အတွင်းရေးမှူးချုပ် ဦးအေးဝင်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူးများ၊  ဗဟိုအလုပ်အမှုဆောင်များ၊ အသင်းချုပ်ဝန်ထမ်းများ စုစုပေါင်း ၃၇ ဦးခန့်တက်ရောက်ခဲ့ကြသည်။

သတင်း - ကျော်ဆန်းမြင့်

မြန်မာနှေင်နယ်ပို့စ်

No comments:

Post a Comment