Pages

Pages

ဆင်ပေါင်ဝဲမြို့နယ်၌ (၇၄)နှစ်မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကျင်းပ

 



MNP - ဖေဖော်ဝါရီ    ၂၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာတွင် ယမန်နေ့က (၇၄)နှစ် မြောက် ချင်းအမျိုးသားနေ့အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ မကွေးတိုင်းဒေသကြီး၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးထွန်းခင်၊ တိုင်းရင်းသားလူမျိုးများအခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန ဦးစီးမှူး ဒေါ်ခိုင်ရွှေဝါ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် ဌာနဆိုင်ရာများ၊ အရှိုချင်းလူမျိုးများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် သဘာပတိ ဆလိုင်းကျော်ကျော်နိုင်၊ မကွေးတိုင်းဒေသကြီး၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးထွန်းခင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးတို့မှ အမှာစကားအသီးသီး ပြောကြားခဲ့ပြီး အရှိုချင်းစာပေနှင့် ရိုးရာယဉ် ကျေးမှုဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ အတွင်းရေးမှူး ဆလိုင်း အောင်ဇော်ဦးမှ ချင်းအမျိုးသားနေ့ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းအား ဖတ်ကြားခဲ့သည်။

ဆက်လက်ပြီး ဆလိုင်းသန်းဦးမှ ရှိုချင်းလူမျိုးများ ဆင်းသက်လာပုံအကြောင်းကိုလည်းကောင်း အရှိုချင်း စာပေနှင့် ရိုးရာယဉ်ကျေးမှု ဖွံ့ဖြိုးတိုး တက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဆလိုင်းကျော်ကျော်နိုင်မှ အရှိုချင်းစာပေ ဖြစ်ပေါ်လာပုံအကြောင်းကိုလည်းကောင်း အသီးသီးပြောကြားခဲ့ပြီး ဆလိုင်းအုန်းငွေ မှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက် အထူးဧည့်သည်တော်များနှင့် ဌာနဆိုင်ရာများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ပြီး တိုင်းရင်းသားရေးရာဝန်ကြီးမှ ဝါးညှပ်အကဖြင့် ကပြဖျော်ဖြေသွားသောအဖွဲ့အား ဆုများ ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

သတင်း - နိုင်လင်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment