Pages

Pages

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တာဝန်ကျ (ပထမအဖွဲ့ခွဲ) ၏ တတိယအကြိမ် ဆဋ္ဌအစည်းအဝေးကျင်းပ


MNP - ဖေဖော်ဝါရီ     ၄

အဋ္ဌမအကြိမ် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့တာဝန်ကျ (ပထမအဖွဲ့ခွဲ) ၏ တတိယအကြိမ် ဆဋ္ဌ အစည်းအဝေးကို ယမန်နေ့မွန်လွဲပိုင်းက နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အစည်းအဝေး ခန်းမ၌ ကျင်ပသည်။

အစည်းအဝေးကို “သာသနဿ စလောကဿ” အစချီသောဂါထာကို ၃-ကြိမ် ရွတ်ဆို၍ ဖွင့်လှစ်တော်မူကြပြီး အခမ်းအနားမှူးဆရာတော်အဖြစ် တွဲဖက်အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တသေဋ္ဌိလ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)က ဆောင်ရွက်တော်မူကာ သဘာပတိ ဆရာတော်အဖြစ် ဒုတိယဥက္ကဋ္ဌဆရာတော်ဘဒ္ဒန္တကောဝိဒ (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) က ဆောင်ရွက်တော်မူပြီးသြဝါဒကထာ မြွက်ကြားတော်မူ ခဲ့သည်။

ထို့နောက် အဋ္ဌမအကြိမ်နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ တာဝန်ကျ(ပထမအဖွဲ့ခွဲ)၏ တတိယ အကြိမ် ပဉ္စအစည်းအဝေးမှတ်တမ်း (ပ−တတိယ၅/၂၀၂၂) ကို ဖတ်ကြား အတည်ပြု တော်မူကြပြီး ဝိနိစ္ဆယရေးရာ တင်ပြချက်များ၊ သာသနာရေးရာ တင်ပြချက်များ၊ ပညာရေးရာ တင်ပြချက်များနှင့် အထွေထွေကိစ္စရပ် များကို ဆွေးနွေးဆုံးဖြတ်တော်မူ ကြကာအစည်းအဝေးကို “ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းတော်မူခဲ့သည်။

အစည်းအဝေးသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တာဝန်ကျ(ပထမအဖွဲ့ခွဲ) ဆရာတော် (၁၅) ပါးအနက် ဒုတိယဥက္ကဌဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ နန္ဒသာရ (သံဖြူဇရပ်)၊ တွဲဖက်အကျိုးတော်ဆောင် ဆရာတော်အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ဓမ္မကထိကဗဟုဇနဟိတဓရ ဒေါက်တာဘဒ္ဒန္တတေဇော သာရာဘိဝံသ (မိုးကုတ်) နှင့် အဖွဲ့ဝင်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဉာဏဝံသ (ဖြူး) တို့မှတစ်ပါး ကျန်ဆရာတော် (၁၂)ပါးတို့ တက်ရောက်တော်မူကြပြီး သာသနာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးသိန်းဝင်း အမှူးပြုသော သာသနာရေးဦးစီးဌာန၊ သာသနာတော် ထွန်းကားပြန့်ပွားရေးဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်း - အောင်မြင့်

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment