Pages

Pages

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန( Community Center)၌ Youth Club ၏ ရှေ့လုပ်ငန်းစဉ်များဆွေးနွေး

 

           

MNP - ဖေဖော်ဝါရီ     ၄

သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန( Community Center)၌ Youth Club ၏ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးခြင်းကို ယမန်နေ့နံနက်က အဆိုပါစင်တာရှိ အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆွေးနွေးရာတွင် ခရိုင်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က မိတ်ဆက် အမှာစကားပြောကြားပြီး Youth Club ၏ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် Youth Club အဖွဲ့ဝင်များက အားကစားခန်းမအတွင်း အမျိုးသား၊ အမျိုးသမီးများ အားကစားဆောင်ရွက်နေမှု အခြေအနေများနှင့် အားကစားဆောင်ရွက်ရန် အဖွဲ့ဝင်ရောက်မှုအခြေအနေများ၊ အားကစားဆောင်ရွက်ရာတွင် ကစားသမားများ အေးချမ်းပျော်ရွှင်စွာ ကစားနိုင်ရေး အတွက် စည်းကမ်းချက်များ သတ်မှတ်ပေးနိုင်ရေးနှင့် အားကစားဆောင်ရွက်မည့် အချိန်သတ်မှတ်ပေးနိုင်ရေးတို့ကို ဆွေးနွေးတင်ပြကြသည်။

အဆိုပါတင်ပြဆွေးနွေးချက်များအပေါ်  ခရိုင်ဦးစီးမှူးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ထိုနောက် Youth Club အဖွဲ့များအနေဖြင့် စာဖတ်ဝိုင်းများဆောင်ရွက်ခြင်း၊ အမျိုးသမီးကဏ္ဍဆိုင်ရာ ဆွေးနွေးပွဲများပြုလုပ်အသိပညာပေးခြင်း၊ သံတွဲဒေသရှိ ကလေးသူငယ်များအား အသိပညာဗဟုသုတများ ဖြန့်ဝေနိုင်ရေးအတွက် သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန(Community Centre) သို့ ကလေး၊ လူငယ်များ ရောက်ရှိလာအောင် အားကစားပွဲများ၊ စာပေဆိုင်ရာပြိုင်ပွဲများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးတို့ကို ပြန်လည်ဆွေးနွေးခဲ့သည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment