ဝါးခယ်မမြို့နယ်၌ မြို့အဝင်ဂိတ်တွင် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉စစ်ဆေးခြင်းကို ဆက်လက် စစ်ဆေးပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝါးခယ်မမြို့နယ်၌ မြို့အဝင်ဂိတ်တွင် ခရီးသွားပြည်သူများအား ကိုဗစ်-၁၉စစ်ဆေးခြင်းကို ဆက်လက် စစ်ဆေးပေး



MNP - ဖေဖော်ဝါရီ    ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ယနေ့နံနက်က ကိုဗစ်−၁၉ကူးစက်မှုများ မရှိစေရေး ထိန်းချုပ်နိုင်ရေးအတွက် မြို့အဝင်ဂိတ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်၍ သက်ဆိုင်ရာ ဌာနဆိုင်ရာများ ကိုဗစ်ကော်မတီဝင်များ ဆေးရုံဝန်ထမ်းများက ဝါးခယ်မမြို့သို့ လာရောက်သော ခရီးသည်များကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေး လျက်ရှိကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ကျန်းမာရေး ဦးစီးဌာနမှ RTDစနစ်ဖြင့် စစ်ဆေးပေးပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာများ ဘက်စုံစုပေါင်းကွန်ယက် (ဝါးခယ်မ) လူမှု့ရေးအသင်းအဖွဲ့များ ကြက်ခြေနီ တပ်ဖွဲ့ဝင်များက ပူးပေါင်းပါဝင် ဆောင်ရွက်ကြကြောင်း သိရသည်။

သတင်း - ရီရီလွင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)