ပျဉ်းမနားမြို့နယ်၊ မြဝတီဘဏ်အား ဗုံးဖောက်ခွဲခဲ့သူ၏ နေအိမ်နှင့် ဆိုင်ကယ်ပစ္စည်းအရောင်းဆိုင်အား ချိတ်ပိတ်သိမ်းဆည်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပျဉ်းမနားမြို့နယ်၊ မြဝတီဘဏ်အား ဗုံးဖောက်ခွဲခဲ့သူ၏ နေအိမ်နှင့် ဆိုင်ကယ်ပစ္စည်းအရောင်းဆိုင်အား ချိတ်ပိတ်သိမ်းဆည်း



 

MNP ၊ ဖေဖော်ဝါရီ ၂၁

နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ မြဝတီဘဏ်အား လက်ပစ်ဗုံးဖောက်ခွဲခဲ့သည့် မြတ်မင်းစိုး (ခ) ပြောင်ကြီး ပိုင်ဆိုင်သည့် တိုးတက်ဆိုင်ကယ်ပစ္စည်းအရောင်းဆိုင်နှင့် နေအိမ်အား ဖေဖော်ဝါရီ ၂၀ရက်က ချိတ်ပိတ်သိမ်းဆည်းခဲ့ကြောင်း သိရသည်။


နေပြည်တော်ပြည်ထောင်စုနယ်မြေ ပျဉ်းမနားမြို့နယ် ယောက်သွားအင်းအုပ်ချုပ်ရေးမှူးရုံးရှေ့တွင် လက်ပစ်ဗုံးဖြင့် ပစ်ပေါက်ဖောက်ခွဲခဲ့သည့်ဖြစ်စဉ်မှ ဖမ်းဆီးရမိတရားခံ စိုးဝင်းထွဋ် ၏ ထပ်မံထွက်ဆိုချက်အရ ယခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်က ပျဉ်းမနားမြို့ မြဝတီဘဏ်အား လက်ပစ်ဗုံးဖြင့် သွားရောက်ဖောက်ခွဲခဲ့သူမှာ အောင်မင်္ဂလာ (၆) လမ်းထိပ်ရှိ တက်တိုးဆိုင်ကယ်ပစ္စည်းအရောင်းဆိုင်ပိုင်ရှင် မြတ်မင်းစိုး(ခ)ပြောင်ကြီး ဖြစ်ကြောင်းသိရှိရသဖြင့် ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၁၀နာရီအချိန်တွင် လုံခြုံရေးပူးပေါင်းအဖွဲ့သည် ၎င်းဆိုင်သို့သွားရောက်ရှာဖွေခဲ့ရာ မတွေ့ရှိသဖြင့် လိုက်လံပိတ်ဆို့ရှာဖွေခဲ့ရာ ရန်ကုန်-မန္တလေးလမ်းဟောင်း ဆင်ရုပ်မီးပွိုင့်အနီးတွင် မြတ်မင်းစိုး(ခ)ပြောင်ကြီး (၄၅)နှစ် (ဘ)ဦးအောင်စိုး အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


ဆက်လက်ပြီး ဖမ်းဆီးရမိတရားခံ မြတ်မင်းစိုး ၏ ထွက်ဆိုချက်အရ ယောက်သွားအင်းအုပ်ချုပ်ရေးမှူးရုံးရှေ့အား အာကာအောင်(ခ)ဖိုးသားနှင့်အတူ လက်ပစ်ဗုံးဖြင့်ဖောက်ခွဲခဲ့သူ ရဲမင်းဦး(ခ)ရဲကြီး (၂၃)နှစ် (ဘ) ဝင်းဇော်ဦးအား လုံခြုံရေးပူးပေါင်းအဖွဲ့က ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၁၁နာရီခွဲအချိန်တွင် ၎င်းနေထိုင်ရာ ပျဉ်းမနားမြို့ ရန်အောင် (၁) ရပ်ကွက် အောင်မင်္ဂလာ (၁)လမ်းရှိ နေအိမ်၌ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။


အထက်ပါဖြစ်စဉ်မှ ဖမ်းဆီးရမိတရားခံများအား တရားဥပဒေနှင့်အညီ အရေးယူနိုင်ရေးနှင့် ကျန်ရှိသော တရားခံများအား ဖမ်းဆီးရမိနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ် 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)