တောင်သူလယ်သမားနေ့ အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

တောင်သူလယ်သမားနေ့ အခမ်းအနားအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား တိုင်းဒေသကြီးဝန်ကြီးချုပ် ကြည့်ရှုစစ်ဆေး

 



MNP - ဖေဖော်ဝါရီ    ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ဝါးဒူးကျေးရွာ၌ မတ်လ၂ ရက်‌နေ့တွင် ကျင်းပပြု လုပ်မည့် တောင်သူလယ်သမားနေ့ အခမ်းအနားတွင် ပြသရန်အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသည့် သီးပင်စားပင်များ၊ သစ်ပင်ပန်းမန်များနှင့် အခမ်းအနား ပြုလုပ်မည့်နေရာတို့အား တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့သည် ယမန်နေ့ မွန်းလွဲပိုင်းက လာရောက်ကြည့်ရှုခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဝါးဒူးကျေးရွာသို့ ရောက်ရှိပြီး တောင်သူလယ်သမားနေ့အတွက် စိုက်ပျိုးရေးဦးစီးဌာနမှ ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် အခမ်း အနားကျင်းပ ပြုလုပ်မည့် နေရာတို့အား ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ရန်ကုန်-ပုသိမ် ကာလမ်းမိုင်တိုင် ၉၆/၅ နှင့် ၁၀၆/၅ တွင် လမ်းဦးစီးဌာနမှ ကတ္တရာ ထပ်ပိုးလွှာခင်းနေကျင်းနေမှုအား ကြည့်ရှုခဲ့ပြီး လိုအပ်သည်များ မှာကြားခဲ့သည်။ ထို့နောက် အလယ်ကုန်းကျေးရွာ၊  ဝိသုဒ္ဒါရုံ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း ကိုဗစ်-၁၉ Center အဖြစ် ဆောင်ရွက်ထားရှိသည့် နေရာအား  ကြည့်ရှုခဲ့ပြီး ဝန်ကြီးချုပ်က ကျောင်းထိုင်ဆရာတော်အား လှူဖွယ်ပစ္စည်းများနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သတင်း - လှမင်းထွဋ်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)