MNP ၊ ဖေဖော်ဝါရီ ၁၅
မြန်မာကစားသမားအများစုတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိ၍ အာဆီယံ ယူ- ၂၃ဘောလုံးပြိုင်ပွဲမှ မြန်မာဘောလုံးအသင်း နုတ်ထွက်သွားကြောင်း အာဆီယံဘောလုံးအဖွဲ့ချုပ်က ယနေ့ ဖေဖော်ဝါရီ ၁၅ရက်တွင် သတင်းထုတ်ပြန်သည်။
ကမ္ဘောဒီယားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာဘောလုံးအသင်းမှာ ကိုဗစ်-၁၉ဆေးစစ်မှုခံယူခဲ့ပြီး အဓိကကစားသမားအများစုတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သောကြောင့် ပြိုင်ပွဲအား ထိခိုက်မှုမရှိစေရန် နှုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာယူ-၂၃ အမျိုးသားဘောလုံးအသင်းသည့် ယနေ့ ဖေဖော်ဝါရီ ၁၅ရက် ညနေပိုင်းတွင် မလေးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သော်လည်း ကိုဗစ်ကပ်ရောဂါအခြေအနေကြောင့် မကစားရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာအသင်းနုတ်ထွက်ခဲ့သည့် အုပ်စု(ခ)တွင် လာအိုနှင့် မလေးရှားအသင်းတို့ပါဝင်ကြောင်း သိရသည်။
သတင်း - သီဟ
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment