မြန်မာကစားသမားအများစုတွင် ကိုဗစ်ပိုးတွေ့၍ အာဆီယံ ယူ- ၂၃ဘောလုံးပြိုင်ပွဲမှ မြန်မာဘောလုံးအသင်း နုတ်ထွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာကစားသမားအများစုတွင် ကိုဗစ်ပိုးတွေ့၍ အာဆီယံ ယူ- ၂၃ဘောလုံးပြိုင်ပွဲမှ မြန်မာဘောလုံးအသင်း နုတ်ထွက်


MNP ၊ ဖေဖော်ဝါရီ ၁၅

မြန်မာကစားသမားအများစုတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိ၍ အာဆီယံ ယူ- ၂၃ဘောလုံးပြိုင်ပွဲမှ မြန်မာဘောလုံးအသင်း နုတ်ထွက်သွားကြောင်း အာဆီယံဘောလုံးအဖွဲ့ချုပ်က ယနေ့ ဖေဖော်ဝါရီ ၁၅ရက်တွင် သတင်းထုတ်ပြန်သည်။

ကမ္ဘောဒီယားနိုင်ငံသို့ ရောက်ရှိနေသည့် မြန်မာဘောလုံးအသင်းမှာ ကိုဗစ်-၁၉ဆေးစစ်မှုခံယူခဲ့ပြီး အဓိကကစားသမားအများစုတွင် ကိုဗစ်ပိုးတွေ့ရှိခဲ့သောကြောင့် ပြိုင်ပွဲအား ထိခိုက်မှုမရှိစေရန် နှုတ်ထွက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာယူ-၂၃ အမျိုးသားဘောလုံးအသင်းသည့် ယနေ့ ဖေဖော်ဝါရီ ၁၅ရက် ညနေပိုင်းတွင် မလေးရှားအသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သော်လည်း ကိုဗစ်ကပ်ရောဂါအခြေအနေကြောင့် မကစားရန်ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြန်မာအသင်းနုတ်ထွက်ခဲ့သည့် အုပ်စု(ခ)တွင် လာအိုနှင့် မလေးရှားအသင်းတို့ပါဝင်ကြောင်း သိရသည်။


သတင်း - သီဟ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)