ရခိုင်ပြည်နယ် မောင်တောမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose ဆက်လက် ထိုးနှံပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ် မောင်တောမြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Booster Dose ဆက်လက် ထိုးနှံပေး


MNP - ဖေဖော်ဝါရီ    ၁၅

ရခိုင်ပြည်နယ်၊ မောင်တောမြို့၌  ကိုဗစ်-၁၉ ကာကွယ်ဆေး  Covid Shield နှစ်ကြိမ်ထိုးနှံပြီးစီးသော ဌာနဆိုင်ရာ ဝန်ထမ်းများအား ထပ်ဆောင်း ကာကွယ်ဆေး Booster Dose  ထိုးနှံပေးခြင်းကို  ယမန်နေ့ နံနက် ၉ နာရီ အချိန် မြို့နယ် သတ်မှတ်စုရပ်နေရာများတွင် ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင်  မြို့နယ်ကုသရေးဦးစီးမှူး ဦးဆောင်ကြီးကြပ်ပြီး ကျန်းမာရေး ဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံခြင်းမပြုမီ  စာရင်းများ မှတ်ယူခြင်း၊ လာရောက်ထိုးနှံသည့်သူများအား ကိုယ် အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန် တိုင်းတာ ပေးခြင်း၊ သွေးတွင်း အောက်စီဂျင် ပမာဏ တိုင်းတာခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများကို ဆောင်ရွက်ပေးကာ ပုံမှန်အခြေ အနေရှိမှသာ စနစ်တကျ ကာကွယ်ဆေး ထိုးနှံပေးပြီး ထိုးနှံပြီးသည့်သူများကို မိနစ် ၃၀ ခန့် အနားယူစေသည်။

အဆိုပါ ထပ်ဆောင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထိုးနှံပေးခြင်းကို  ဌာနဆိုင်ရာ ဝန်ထမ်း ၂၃ ဦး၊ ရဲတပ်ဖွဲ့ဝင် ၅၇၆ ဦး၊ ပညာရေးဝန်ထမ်း ၉၈ စုစုပေါင်း ၆၉၇ ဦးအား ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေးခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

သတင်း - သက်လွင်စိုး 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)