Blue Mark ဆိုတာ အကြမ်းဖက်သမားများအတွက်သာ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

Blue Mark ဆိုတာ အကြမ်းဖက်သမားများအတွက်သာ



facebook ဆိုတာ ကျွန်တော်တို့ မြန်မာပြည်သူတွေကြားမှာ အလွန်ရေးပန်းစား လူသုံးများတဲ့ လူမှုကွန်ရက်တစ်ခုပါ။ သတင်းတွေ ဘယ်ကဖတ်လဲ - facebook ကပဲ ဖတ်တယ်။ ပေါက်ကရတွေ ဘယ်ကတင်လဲ facebook ပေါ်ပဲ တင်တယ်။ facebook ကနေ ထင်ရှားကျော်ကြားသွားသူတွေလည်း ရှိရဲ့။ တကယ်ဆိုရင် တိုးတက်မှုနဲ့အတူ ဆုတ်ယုတ်ပျက်ဆီးမှုတွေဟာလည်း ဒွန်တွဲပါလာတတ်တာ သဘာဝပါ။


အင်တာနက်၊ လူမှုကွန်ရက်ဆိုတာ ပညာလိုချင်သူတွေ ပညာရှာလို့ရတယ်။ စီးပွားရေး လုပ်လိုသူတွေ စီးပွားရေး လုပ်လို့ရတယ်။ ဒါက  လောကကောင်းကျိုး၊ တိုင်းပြည်ကောင်းကျိုး၊ မိသားစုကောင်းကျိုးအတွက် အသုံးပြုခြင်းပါ။


အကောင်းကို လုပ်ရတာနဲ့ အဆိုးကို လုပ်ရတာ ဘယ်ဟာက လွဲသလဲ။ အကောင်းကို လုပ်ဖို့ ခက်ခဲတယ်။ ကောင်းတာ လုပ်နေလို့ အသိအမှတ်ပြုချင်တဲ့သူကလည်း ရှားလာတယ်။ ပေါက်ကရ လုပ်ရင် လူသိမြန်တယ်။ ထင်ရှားလာတယ်။ လူငယ်တွေမှာ သွန်သင်မှု ညွှန်ပြမှု မရှိရင် လမ်းမှားကို အလွယ်တကူ လိုက်တတ်ကြတာလည်း သဘာဝဖြစ်နေပါတယ်။ 


မြန်မာနိုင်ငံမှာ မဲလိမ် မဲခိုး NLD ပါတီက ဆူပူအကြမ်းဖက်မှုတွေ စတင်လုပ်ဆောင်လာတဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၅) ရက်နေ့လောက်က စပြီး facebook , youtube တို့ဟာလည်း အကြမ်းဖက်အားပေး လူမှုကွန်ရက်တွေဖြစ်လာတာကို သိသိသာသာ ထင်ရှားစွာ တွေ့လာရတယ်။ အကြမ်းဖက်လှုံ့ဆော်မှု လုပ်နေတဲ့သူတွေ၊ အကြမ်းဖက်လှုပ်ရှားမှု ပုံရိပ်တွေကို ပလူပျံအောင် ဖော်ပြခွင့်ပေးတယ်။ အကြမ်းဖက်အဖွဲ့လို့ တိုင်းပြည်က ကြေညာထားတဲ့ အဖွဲ့အစည်းတွေကို တရားဝင် အသိအမှတ်ပြု Blue Mark တပ်ပေးထားပါတယ်ဆိုမှတော့ ပြီးပြီပေါ့။ 


faebook က Blue Mark ပေးခြင်းသဘောက လူသိများ ကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေ၊ တရားဝင် အစိုးရအဖွဲ့အစည်းတွေ၊ သတင်ဌာနတွေကို ပေးခြင်း ဖြစ်ပါတယ်။


၂၀၁၅ ကနေ ၂၀၂၀ အထိ NLD အာဏာရသွားတော့ NLD ပါတီက ပုဂ္ဂိုလ်တွေဟာ ထင်ရှားကျော်ကြားသူတွေ ဖြစ်လာတယ်။ Blue Mark ရ facebook page တွေ အသုံးပြုခွင့် ရကြတယ်။ ဒါက နည်းမှန် လမ်းမှန်လို့ပဲ ဆိုရမယ်။ အခုနောက်ပိုင်း မြန်မာပြည်ထဲက Blue Mark ရ ပုဂ္ဂိုလ် တော်တော်များများဟာ မဲလိမ်မဲခိုး NLD ပါတီကို ထောက်ခံအားပေးပြီး အကြမ်းဖက်လှုံ့ဆော်မှုတွေ ပြုလုပ်လာကြတယ်။ NLD ပါတီက လူတွေရော၊ NLD ကို ဝန်းရံတဲ့ လူတွေရော၊ အနုပညာရှင်၊ သတင်းဌာနအမည်ခံ အကြမ်းဖက်လှုံ့ဆော်သူတွေရော အားလုံး အားလုံးဆိုပါတော့။


Facebook က မရိုးသားမှုတွေ အထင်အရှား တွေ့မြင်လာရတာက CRPH, NUG ဆိုတဲ့ အကြမ်းဖက်အဖွဲ့တွေ ပေါ်ပေါက်လာတဲ့အချိန်မှာလည်း ချက်ချင်းဆိုသလို Blue Mark တပ်ပေးတာက အကြမ်းဖက်အားပေးဖြစ်သွားပြီဆိုတာ အထင်အရှားပါပဲ။ နောက်တော့ တရားဝင်အစိုးရရဲ့ ဌာနဆိုင်ရာ page တွေကို ဖျက်ချတယ်။ အစိုးရဌာနဆိုင်ရာ website လင့်ခ်တွေ facebook ပေါ်တင်မရအောင် Ban ထားတယ်။ moi, cincds, dsinfo အဲဒီ လင့်ခ်တွေ အတင်မခံဘူး။


သဘောကတော့ သတင်းအမှန်တွေ ပြည်သူလူထုကြား မပျံ့နှံ့အောင် နည်းပညာနဲ့ Facebook က NLD အကြမ်းဖက်အုပ်စုကို ကူညီပေးနေခြင်းပဲ ဖြစ်ပါတယ်။


အကြမ်းဖက်အုပ်စုကလည်း သူတို့လို အကြမ်းဖက်လှုံ့ဆော်သူတွေ မဟုတ်ဘဲနဲ့ လက်ရှိအစိုးရအဖွဲ့ဝင်ဖြစ်နေမယ်၊ လက်ရှိအစိုးရကို ထောက်ခံအားပေးတဲ့သူ တစ်ယောက်ယောက် Blue Mark ရထားရင် Report ဝိုင်းထုပြီး ဖျက်ဆီးပစ်တာမျိုး အုံလိုက်ကျင်းလိုက် လုပ်တတ်ကြပါတယ်။ အခုဆိုရင်ပဲ Khit Thit Media ဆိုတဲ့ အကြမ်းဖက်လှုံ့ဆော်သတင်းဌာနက အကြမ်းဖက်လှုံ့ဆော်သူ သာလွန်ဇောင်ထက် က နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဦးဝဏ္ဏမောင်လွင်ရဲ့ facebook page ဟာ Blue Mark ရထားလို့ ဝိုင်းပြီး ဖျက်ဆီးကြဖို့ လှုံ့ဆော်နေပါပြီ။ နောက်ပိုင်း အခြားသော ပါတီအဖွဲ့အစည်းတွေရဲ့ သတင်းနဲ့ ပြန်ကြားရေး စာမျက်နှာတွေကိုလည်း ဖျက်ဆီးကြပါလိမ့်အုံးမယ်။ ဒါကတော့ အကြမ်းဖက်ဝါဒီတွေရဲ့ သဘာဝပါပဲ။


ဆိုရပါရင် စာရေးသူကိုယ်တိုင် facebook သုံးနေသေးတယ်ဆိုတာကတော့ သူတို့ရဲ့ ဝါဒဖြန့်လှုံ့ဆော်မှုတွေကြားထဲမှာ ဒီလို ဝေဖန်ထောက်ပြသူတွေလည်း ရှိတယ်ဆိုတာ သိစေချင်ရုံသက်သက်ပါ။ facebook အကောင့်ပေါင်းလည်း မရေတွက်နိုင်တော့ပါဘူး။ MNP page ပေါင်းလည်း မရေတွက်နိုင်တော့ပါဘူး။ အကြမ်းဖက်လှုံ့ဆော်သူတွေရဲ့ သတင်းလိမ်၊ သတင်းအမှား၊ သတင်းအဆိပ်တွေက ပြည်သူတွေကြားကို ပိုပြီး ပျံ့နှံ့လွယ်တယ်ဆိုတာကတော့ Faebook ကုမ္ပဏီ ကိုယ်တိုင်က နည်းပညာပိုင်က ဝိုင်းဝန်းဆောင်ရွက်ပေးနေခြင်းကြောင့်ပဲ ဖြစ်ပါတယ်။


အကြမ်းဖက်အားပေး လုပ်နေတဲ့ facebook ကို ကျွန်တော်လည်း သုံးပါတယ်။ သတင်းပျံ့နှံ့လွယ်လို့ပါ။ ကျွန်တော်တို့ ဖော်ပြတဲ့ သတင်းတွေမှာ လုပ်ကြံဖန်တီးရေးသားပြီး ဖော်ပြချက်မပါဘူး။ ဒါကိုပဲ Community Standard နဲ့ မညီပါဘူးဆိုပြီး ဖျက်တာမျိုး၊ ပိတ်တာမျိုး မကြာခဏ လုပ်လေ့ ရှိပါတယ်။ မသိရင် facebook ဟာ မိမိကို စောင့်ကြည့်ပြီးတော့များ လုပ်နေသလားလို့ ထင်ရလောက်အောင်အထိ ဖြစ်တတ်ပါတယ်။ အကြမ်းဖက်အားပေး မဟုတ်တဲ့ သူတိုင်းကို အဲဒီလို လုပ်ဆောင်နေခြင်း ဖြစ်ပါတယ်။


ဆိုရပါရင် ဒီနေ့ဒီအချိန်မှာ မြန်မာနိုင်ငံက Facebook Blue Mark ရတဲ့သူတွေဆိုတာ အကြမ်းဖက်လှုံ့ဆော်သူတွေသာ ဖြစ်ပါတယ်။ NLD အကြမ်းဖက်အုပ်စုက တိုင်းပြည်ရဲ့ ဘဏ္ဍာကို အသုံးပြုပြီး facebook ကို ပါတီအတွက် အသုံးချခဲ့တယ်။ မဲလိမ်မဲခိုး လုပ်လို့ အာဏာလက်မဲ့ဖြစ်ပြီး အကြမ်းဖက်လှုပ်ရှားသူတွေ လုပ်နေသည့်တိုင်အောင် facebook ကို အသုံးချနိုင်တဲ့အထိ တိုင်းပြည်ဘဏ္ဍာကို ပါတီအတွက် အသုံးချသွားတယ်ဆိုတာကို ရှင်းရှင်းလင်းလင်း နားလည်ထားကြဖို့ပါပဲ။


အထင်အရှား Facebook Blue Mark ရထားတဲ့ NUG, CRPH စာမျက်နှာတွေက ဘာတွေ ဖော်ပြနေသလဲ။ အကြမ်းဖက်လုပ်ရပ်တွေ လုပ်ဆောင်ဖို့၊ သူတို့ကို အခွန်အခပေးဖို့၊ ဆရာ/ ဆရာမတွေ စာမသင်ကြဖို့ ဝန်ထမ်းတွေကို လမ်းမှားရောက်အောင် အချိန်နဲ့အမျှ လှုံ့ဆော်နေတယ်။ Blue Mark တပ်ထားတဲ့ သတင်းဌာနအမည်ခံ Mizzima, DVB, The Irrawaddy, Khit Thit Media, Myanmar Now, Tachilate News Agency, The Ayeyarwaddy Time, BBC, VOA, RFA စာမျက်နှာတွေက အကြမ်းဖက်လုပ်ရပ်တွေကို တော်လှန်ရေးလို့ ခေါင်းစဉ်တပ်ဖော်ပြပြီး၊ သတင်းလိမ် သတင်းမှားတွေ လုပ်ကြံဖန်တီးပြီး တင်နေကြတယ် မဟုတ်လား။ Blue Mark ရထားတဲ့ အနုပညာရှင်တွေ၊ နိုင်ငံရေးလုပ်စားသူတွေ ဘာတွေ တင်နေကြလဲ။ အကြမ်းဖက်လှုံ့ဆော်ဝါဒဖြန့်မှုတွေ လုပ်ပေးနေကြရတယ်မှတ်လား။


အကြမ်းဖက်လှုံ့ဆော် ဝါဒဖြန့်မှုတွေ မလုပ်ဘူးဆိုရင် Khit Thit Media လိုပဲ သူတို့လို အကြမ်းဖက်မဖက်ရကောင်းလား၊ တပ်မတော်ဘက်ကို ပါနေရကောင်းလား ဆိုပြီး လှုံ့ဆော်မယ်၊ ဝိုင်းဝန်းဖျက်ဆီးခြင်း ခံရမယ်။ ဆိုတော့ ဒီနေ့ ဒီအချိန် မြန်မာပြည်သူတွေ ကြားမှာ ရေပန်းစား လူသုံးများတဲ့ Facebook ဆိုတဲ့ လူမှုကွန်ရက်ဟာ အကြမ်းဖက်လှုံ့ဆော်ဝါဒဖြန့်ဖို့၊ သတင်းလိမ်၊ သတင်းမှား၊ သတင်းအဆိပ်တွေနဲ့ ပြည်သူတွေကို အသိအမှား အမြင်မှားဖြစ်အောင် လုပ်ဖို့ အသုံးချခွင့် ပြုထားတဲ့ ပလက်ဖောင်းတစ်ခု ဖြစ်တယ်ဆိုတာကို ရှင်းရှင်းလင်းလင်း နားလည်ထားသင့်ပါတယ်။


နိုင်ငံခြားရေး ဝန်ကြီးဦးဝဏ္ဏမောင်လွင် အနေနဲ့လည်း အကြမ်းဖက်အားပေးမဟုတ်ကြောင်း၊ အကြမ်းဖက် လှုံ့ဆော်သူ မဟုတ်ကြောင်း သိသာအောင် Blue Mark ကို ဖြုတ်ပေးထားလိုက်တာ အကောင်းဆုံးဖြစ်မယ်လို့ အကြံပြုလိုက်ရပါကြောင်း . . . . .


နောင်တော်လေး (ဘိုကလေး)

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)