ပခုက္ကူမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Booster Dose) ဆက်လက်ထိုးနှံပေးနိုင်ရေး ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Booster Dose) ဆက်လက်ထိုးနှံပေးနိုင်ရေး ခရိုင်အဆင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်

 


MNP - ဖေဖော်ဝါရီ    ၂၀

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Booster Dose) ထိုးနှံနိုင်ရေးအတွက် ခရိုင်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀နာရီအချိန်က အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြဧရာ(၁)ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပခုက္ကူခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းလှိုင်က ခရိုင်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ဖြစ်ပွားမှု အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကော်မတီဝင် ပခုက္ကူမြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာကျော်နိုင်ဝင်းက ကိုဗစ်-၁၉ရောဂါ ရှိ/မရှိ စစ်ဆေးပေးနေမှုများနှင့် ရောဂါပိုးတွေ့ရှိမှု အခြေအနေများ၊ ကာကွယ်ဆေးထိုးနှံပေးမှု အခြေအနေများ၊ ရောဂါပိုးတွေ့ရှိသူများအား သက်ဆိုင်ရာ နေရာများတွင် စနစ်တကျ ကျန်းမာရေး စောင့်ရှောက်ပေးနေမှု အခြေအနေများ၊  ရောဂါကြိုတင် ကာကွယ် ရေးလုပ်ငန်းများတွင် အရပ်ဖက်လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်း ပါဝင်ဆောင်ရွက်ပေးမှု အခြေအနေများ အကြောင်းတို့ကို  ဆွေးနွေးတင်ပြသည်။

ယင်းနောက် ပခုက္ကူခရိုင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်၊ ဌာနဆိုင်ရာများ အလိုက် ဦးစားပေး ဦးတည် အုပ်စုများအလိုက် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိုးနှံပေးနေမှုများ၊ အသိပညာပေးရေး၊ Quarantine Center ဖွင့်လှစ်ထားရှိရေး၊ မြို့အဝင်/အထွက်ရှိ စစ်ဆေးရေးဂိတ်များတွင် အရှိန်အဟုန် မပျက်စစ်ဆေးရေး၊ ဈေးရောင်း၊ ဈေးဝယ်နှင့် အခြားလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ လှုပ်ရှားဆောင်ရွက်ရေးနှင့် ပါးစပ်နှင့်နှာခေါင်းစည်း (Mask) စနစ်တကျ တပ်ဆင်သွားလာရေး အကြောင်းတို့ကို အသီးသီး ရှင်းလင်း ဆွေးနွေးကြကြောင်း သိရသည်။

သတင်း - ဆလိုင်းကိုကီး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)