ဒေါပုံမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများအား ထပ်ဆောင်းကာကွယ်ဆေး Booster Dose ပထမအကြိမ်ထိုးနှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒေါပုံမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများအား ထပ်ဆောင်းကာကွယ်ဆေး Booster Dose ပထမအကြိမ်ထိုးနှံ


MNP - ဖေဖော်ဝါရီ     ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ လျော့နည်း ပပျောက်ရေးအတွက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး (၆)လ ပြည့်ပြီးသော ဝန်ထမ်းများအား ထပ်ဆောင်း ကာကွယ်ဆေး Booster Dose ကို ယနေ့နံနက် ၉နာရီ အချိန်က လမုတန်းရပ်ကွက်ရှိ အ.ထ.က (၁)ကျောင်းခန်းမ တွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆေးထိုးရာတွင် ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ တစ်ဌာနချင်း တစ်ဦးနှင့်တစ်ဦး ၃ပေ အကွာမှနေ၍ ကျန်းမာရေး ဝန်ထမ်းများက အပူချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထား ရှိသူများအား ဆေးထိုးနှံပြီးမိနစ်(၃၀)အကြာ စောင့်ဆိုင်းပြီးမှ ပြန်လည် ထွက်ခွာ ခွင့်ပြုကြောင်း သိရသည်။

ဒေါပုံမြို့နယ်အတွင်း ဌာန ၂၂ ဌာနရှိသည့်အနက် ထပ်ဆောင် ကာကွယ်ဆေး Booster Dose ကို အသက် ၅၀ နှစ်အောက် (၁၀၃)ဦး၊ အသက် (၅၀)နှစ်အထက် (၁၂၁)ဦး စုစုပေါင်း နိုင်ငံဝန်ထမ်းပေါင်း (၂၂၄)ဦးကို ထိုးနှံပေးခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပြီး(၆)လပြည့် ပြည်သူများကိုလည်း ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း - ယဉ်မော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)