ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster ဆက်လက်ထိုးနှံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Booster ဆက်လက်ထိုးနှံ

 





MNP - ဖေဖော်ဝါရီ     ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း၌ ကာကွယ်ဆေး ထိုးနှံခြင်းကို သက်ဆိုင်ရာ ဦးစားပေးအစီအစဉ်အလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိရာ ယမန်နေ့ နံနက် ၁၀ နာရီမှစတင်၍ နိုင်ငံ့ဝန်ထမ်းများ၊ မိသားစုဝင်များနှင့် ပြည်သူ (၁၂၆) ဦးတို့အား Booster ထပ်ဆောင်းကာကွယ်ဆေးအဖြစ် ရုရှားနိုင်ငံထုတ်  Sputnik Light ကာကွယ်ဆေးကို ၃၈ ရပ်ကွက်၊ မင်္ဂလာအေး ကျောင်း တိုက်၌ ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ်ကူးစက်မှုမှ ကာကွယ်နိုင်ရန် ကာကွယ် ဆေးမထိုး နှံရသေးသည့် အသက် (၁၈) နှစ်နှင့် အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ထိုးနှံပေးခြင်းကို အမှတ်(၁၆) ရပ်ကွက် မြို့ဦးစေတီ၊ (၃၈)ရပ် ကွက်ရှိ မင်္ဂလာအေးကျောင်းတိုက်၊ (၄၇) ရပ်ကွက်ဓမ္မာရုံတို့တွင်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကိုလည်း ဆက်လက်ထိုးနှံပေးလျက်ရှိရာ  ယနေ့တွင် ရုရှားနိုင်ငံထုတ် (Sputnik Vaccine) (၄၈၉) ဦးအား ထိုးနှံပေးခဲ့ ကြောင်းသိရသည်။

သတင်း - မြင့်မြင့်ရီ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)