ဂန့်ဂေါတွင် Covid – 19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂန့်ဂေါတွင် Covid – 19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းဝေး ကျင်းပ


MNP -  ဖေဖော်ဝါရီ    ၁၉

ဂန့်ဂေါခရိုင်၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့မိမြို့ဖများ၊ ပရဟိတ အသင်းများနှင့်တွေ့ဆုံ၍ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ကုသနိုင်ရေး လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ဂန့်ဂေါခရိုင်၊ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးက ရှင်းလင်းပြောကြားရာ ကိုဗစ်-၁၉ရောဂါ စတုတ္ထလှိုင်း မျိုးကွဲ ဖြစ်သည့် Omicron ရောဂါပိုးကူးစက်ပြန့်ပွားမှုအခြေအနေများ၊ ခရိုင်အတွင်း ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ တင်းတင်းကြပ်ကြပ် ပြန်လည်ဆောင်ရွက်ရန် လိုအပ်နေမှုအခြေအနေများ၊ ခရိုင်ဆေးရုံကြီးတွင်ရှိသည့် အောက်စီဂျင်အိုးများ မပျက်လပ်စေရေး၊ တိုင်းဒေသကြီး ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ဆောင်ရွက်သွားရမည့် လုပ်ငန်း လမ်းညွှန်ချက်များအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးကော်မတီအဖွဲ့ဝင် ဦးသန်းဝင်းက အောက်ဆီဂျင်စက်ရုံ လည်ပတ်နေမှုအခြေအနေ များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် တင်ပြချက်များအပေါ် ခရိုင်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်ဦးက ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရှိရသည်။

သတင်း - ထင်အောင်နိုင်

မြန်မာနေရှင်နယ်ပိ့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)