ပုလဲမြို့နယ်အတွင်း NLအစွန်းရောက် PDF အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များ ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူများအား စားသောက်ဖွယ်ရာ နှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုလဲမြို့နယ်အတွင်း NLအစွန်းရောက် PDF အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များ ကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံပြည်သူများအား စားသောက်ဖွယ်ရာ နှင့် အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့ပေးအပ်

 




MNP ၊ ဖေဖော်ဝါရီ ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်အတွင်းရှိ ကျေးရွာများ၌ NLD ပါတီ ထောက်ခံသူအစွန်းရောက်အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့များ ၏ ဥပဒေမဲ့ခြိမ်းခြောက်၊ လူသတ်၊ မီးရှို့မှုများကြောင့် လုံခြုံစိတ်ချရသည့်နေရာများ၌ ခေတ္တတိမ်းရှောင်နေထိုင်လျက်ရှိသော ဒေသခံပြည်သူများ၏ နေထိုင်စားသောက်မှု အဆင်ပြေစေရန်နှင့် ၎င်းတို့၏ နေရပ်အသီးသီးသို့ပြန်လည် နေထိုင်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ကူညီဆောင်ရွက်ပေးလျက်ရှိသည်။


ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် သန်းထိုက် နှင့် တာဝန်ရှိသူများသည် ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာနှင့် အင်မထီး ကျေးရွာများမှ NLD ပါတီ ထောက်ခံသူ အစွန်းရောက်အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်အဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထွက်ပြေး တိမ်းရှောင်နေကြရသော ဒေသခံပြည်သူများအား လုံခြုံစိတ်ချရသည့်နေရာများသို့ ပြန်လည်ခေါ်ယူစုစည်း၍ လုံခြုံရေးနှင့် နေထိုင်စားသောက်ရေးတို့ကို စီစဉ်ပေးပြီး တွေ့ဆုံအားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများနှင့် အသုံးအဆောင် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)