NLD အစွန်းရောက် PDF အကြမ်းဖက်သမား ၂ ဦး ပစ်ခတ်မှုကြောင့် ပြည်ကြီးတံခွန်မြို့နယ် ရပ်ကွက်ရာအိမ်မှူး သေဆုံး - Myanmar National Post

Myanmar National Post

News Agency

Breaking

NLD အစွန်းရောက် PDF အကြမ်းဖက်သမား ၂ ဦး ပစ်ခတ်မှုကြောင့် ပြည်ကြီးတံခွန်မြို့နယ် ရပ်ကွက်ရာအိမ်မှူး သေဆုံး


 မန္တလေး ဖေဖော်ဝါရီ ၂၀

မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့ရှိ ရပ်ကွက်ရာအိမ်မှူးကို ယနေ့နံနက်ပိုင်းက NLD အစွန်းရောက် PDF အကြမ်းဖက်သမား ၂ ဦးမှ လက်လုပ်သေနတ်ဖြင့် လာရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပြည်ကြီးတံခွန်မြို့နယ်(ဂ)ရပ်ကွက်၊ ၆၇(ဒီ)လမ်း၊ ၁၁၉ လမ်းနှင့် ၁၂၀ လမ်းကြားရှိ ရပ်ကွက်ရာအိမ်မှူးသည် နေအိမ်ရှေ့တွင် ထိုင်နေစဉ် ဆိုင်ကယ်စီးလာသော NLD အစွန်းရောက် PDF အကြမ်းဖက်သမား ၂ ဦးမှ လက်လုပ်သေနတ်(အတို)ဖြင့် ပစ်ခတ် မောင်းနှင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဆေးကုသမှုခံယူနိုင်ရန် ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း ရရှိသည့် ဒဏ်ရာပြင်းထန်မှုကြောင့် သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

NLD အစွန်းရောက် PDF အကြမ်းဖက်သမားများသည် တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ဖောက်ခွဲတိုက်ခိုက်မှု၊ အပြစ်မဲ့ ပြစ်သူများအား လုပ်ကြံသတ်ဖြတ်မှုများ ကျူးလွန်လျက်ရှိရာ နိုင်ငံတော်ပိုင်အဆောက်အဦးများ ပျက်စီးဆုံးရှုံးခဲ့ရပြီး၊ NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ ၂၀၀၀ ကျော်အ သေဆုံးခဲ့ရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)