ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာကို PDF အကြမ်းဖက်များက ဝင်ရောက်ပစ်ခတ် ပြည်သူ့စစ်အင်အားဖြင့် ခုခံသော်လည်း သာလွန်အင်အားဖြင့် ကျေးရွာအတွင်း ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခြင်းခံရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာကို PDF အကြမ်းဖက်များက ဝင်ရောက်ပစ်ခတ် ပြည်သူ့စစ်အင်အားဖြင့် ခုခံသော်လည်း သာလွန်အင်အားဖြင့် ကျေးရွာအတွင်း ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခြင်းခံရ


 

MNP ၊ ဖေဖော်ဝါရီ ၂၂

ယမန်နေ့ (၂၁-၂-၂၀၂၂) ရက်နေ့ ညနေ (၄ ၀၀) နာရီ ဝန်းကျင်းမှစ၍ ပုလဲမြို့နယ်၊ ဇီးဖြူကုန်းကျေးရွာအား NLD အစွန်းရောက် PDF အကြမ်းဖက်သမားများက ဝင်ရောက်ပစ်ခတ်သဖြင့် ကျေးရွာအတွင်းရှိ ပြည်သူ့စစ်များက ရှိသည့်လူ၊ ရှိသည့်လက်နက် အင်အားဖြင့် ပြန်လည်ခုခံပစ်ခတ်သော်လည်း PDF အကြမ်းဖက်သမားများက သာလွန်အားဖြင့် ကျေးရွာအတွင်း ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်သွားကြောင်း ဒေသခံများထံမှ သိရသည်။


ညနေ (၄ ၀၀)နာရီဝန်းကျင်မှ အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပေါ်ခဲ့ပြီး ည ၁၁ နာရီမှ တိုက်ပွဲရပ်ဆဲ၍ သွားကြောင်း၊ ဇီးဖြူကုန်းကျေးရွာအတွင်းမှ အိမ်ခြေ ၈၀ ခန့် မီးရှို့ခံခဲ့ရကြောင်း၊ ဇီးဖြူကုန်းကျေးရွာသည် တတိယအကြိမ်မြောက် NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ၏ မီးရှို့ခြင်းကို ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။


မီးရှို့ဖျက်ဆီးခံရမှုများနှင့် ဒဏ်ရာရ အမျိုးသမီးများအတွက် ဆေးဝါးအခက်အခဲ ရှိသဖြင့် အကြမ်းဖက်ဘေးအန္တရာယ်သင့် ပြည်သူများအား ကူညီစောင့်ရှောက်ပေးနေသည့် ဆရာတော်ဦးဝါသဝထံ ဆက်သွယ်၍ NLD အစွန်းရောက် PDF အကြမ်းဖက်သမားများ၏ ပစ်ခတ်မှုကြောင့် အမျိုးသမီး ၂ဦး ဒဏ်ရာရရှိကြောင်း၊ မီးဘေးသင့် စစ်ဘေးသင့် ရွာသူရွာသားများအတွက် စားနပ်ရိက္ခာ အဝတ်အထည်နှင့် နေရေးထိုင်ရေး အခက်အခဲကြုံနေပါသဖြင့် ကူညီစောင့်ရှောက်ပေးနိုင်ပါရန် ဆက်သွယ်လျှောက်ထားလာကြောင်း သိရသည်။


ပုလဲမြို့နယ်အတွင်း NLD အစွန်းရောက် PDF အကြမ်းဖက်သမားများအနေဖြင့် ပိုမိုးဆိုးရွား ရက်စက်ယုတ်မာသည့် အခြေအနေသို့ ရောက်ရှိလာပြီး အင်မထီးကျေးရွာကို မီးရှို့ခဲ့စဉ်ကလည်း နေအိမ် ၂၃၀ ကျော် ပျက်စီးပြီး အပြစ်မဲ့ ပြည်သူများကို မီးလောင်တိုက်သွင်းကာ ရက်စက်ယုတ်မာစွာ သတ်ဖြတ်ခဲ့ကြသည်။


မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)