ဒီပဲယင်းမြို့နယ်တွင် PDF အကြမ်းဖက်သမားများက အမျိုးသမီးတစ်ဦးအား သတ်ဖြတ်ပြီး ငွေနှင့် လက်ဝတ်ပစ္စည်းများကို ယူဆောင်သွားကြောင်း သိရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒီပဲယင်းမြို့နယ်တွင် PDF အကြမ်းဖက်သမားများက အမျိုးသမီးတစ်ဦးအား သတ်ဖြတ်ပြီး ငွေနှင့် လက်ဝတ်ပစ္စည်းများကို ယူဆောင်သွားကြောင်း သိရ


MNP ၊ ဖေဖော်ဝါရီ ၂၁

စစ်ကိုင်းတိုင်းဒသေကြီး၊ ဒီပဲယင်းမြို့နယ်၊ ညောင်လှကျေးရွာတွင် ယမန်နေ့ည (၈ ၀၀)နာရီဝန်းကျင်က ဒေါ်ညွန့်စိန်ဆိုသူ အမျိုးသမီး၏ နေအိမ်အား PDF အစွန်းရောက် အကြမ်းဖက်သမား (၅၀) ဝန်းကျင်က မျက်နှာဖုံးများဖြင့် လာရောက်ပြီး ဒေါ်ညွန့်စိန်ကို ဓားဖြင့်ခုတ်သတ်ကာ စပါးရောင်းထားသော ငွေ(၄၅)သိန်းနှင့် ရွှေနှင့်အခြားပစ္စည်းများကို ယူဆောင်သွားကြောင်း ဒေသခံများ၏ ဆက်သွယ်ပြောကြားချက်အရ သိရသည်။

ဒေသခံတစ်ဦးက "ည (၈ ၀၀) ဝန်းကျင်က  အသတ်ခံလိုက်ရတာပါ။ အဲဒီရွာတွေက PDF တွေများနေတယ်။ PDF မဟုတ်တဲ့သူတွေကလည်း နေလို့မရတော့ဘူး။ တိမ်းရှောင်သွားကြရပြီ။ အဲဒီအဒေါ်က ဟိုဘက်လည်းမပါ၊ ဒီဘက်လည်း မပါ၊ အိမ်စောင့်မရှိတော့ ပြောင်းလို့ ရွှေ့လို့ မရသေးလို့ နေရင်းက စပါးရောင်းထားတဲ့ ငွေ ၄၅သိန်း၊ ရွှေတွေရော ယူသွားတယ်။ အဒေါ်ရဲ့ အမျိုးသားကို အပြင်ခဏထွက်နေလို့ ခေါ်ထုတ်သွားပြီး အိမ်ထဲမှာတင် ဓားနဲ့ခုတ်သတ်ပြစ်လိုက်တာ။ ဓားပြတိုက်နေတဲ့အတိုင်းပါပဲ။ " ဟု PDF အကြမ်းဖက်သမားများ၏ ရက်စက်ယုတ်မာမှုနှင့် ပတ်သက်၍ ပြောဆိုသည်။

PDF အကြမ်းဖက်သမားများက တပ်မတော်စစ်ကြောင်းလာမည်ဆိုလျှင် ကြိုတင် သတင်းရရှိနေမှုနှင့် ပတ်သက်၍ "တပ်ကလာရင် ပုန်းရှောင်သွားကြတယ်။ တပ်မတော်သားတွေ ပြန်သွားပြီဆိုတာနဲ့ PDF တွေက ပြန်ရောက်လာကြတယ်။ ဗုံးကျဲပြီး ရှင်းလိုက်မှ အေးသွားမှာပါ။ ဓားပြတိုက်ပြီး သောက်ကြစားကြ၊ တပ်လာရင် ထွေအုပ်တွေ ဘာတွေက PDF ကို အကြောင်းကြားပေးတယ်လို့ ထင်တယ်။ သူတို့က အမြဲတမ်း သတင်းကြိုရပြီး ပြေးကြတယ်။ မြို့ပေါ်စစ်သားတွေ ရောက်နေပြီ ရွာကိုဆင်းတော့မယ်ဆိုတာနဲ့ ပြေးကြ၊ ပုန်းကြတာ။" ဟု ပြောသည်။

PDF အကြမ်းဖက်သမားသည် အဆိုပါ ညောင်လှကျေးရွာမှသာ ဖြစ်ကြောင်း၊ အခြားရွာမှ PDF ဆိုလျှင် စပါးရောင်းထားသည်ကိုလည်း မသိနိုင်ကြောင်း၊ ယခုကဲ့သို့ အပြစ်မဲ့ ပြည်သူများအပေါ် လူမဆန်စွာ ရက်စက်ယုတ်မာနေသော PDF အကြမ်းဖက်သမားများကို ပြတ်ပြတ်သားသား နှိမ်နင်းပေးဖို့ တောင်းဆိုလိုကြောင်း ဒေသခံက မြန်မာနေရှင်နယ်ပို့စ်သို့ ဆက်သွယ်ပြောကြားသွားသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)