ကျောက်တံတားမြို့နယ်တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာ (Quarantine Centre) များ ကြိုတင်ပြင်ဆင်ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်တံတားမြို့နယ်တွင် အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာ (Quarantine Centre) များ ကြိုတင်ပြင်ဆင်ဆောင်ရွက်

 


MNP - ဖေဖော်ဝါရီ    ၂၀

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ်တွင်  အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာ (Quarantine Centre) များကို ယနေ့နံနက် (၀၉:၀၀)နာရီအချိန်က ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြင်ဆင်ဆောင်ရွက်မှုကို အမှတ်(၆) ရပ်ကွက်၊ ဆိပ်ကမ်းသာလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ Asia Plaza အဆောက်အဦ(၇)လွှာနှင့် အမှတ်(၃)ရပ်ကွက်၊ ဓမ္မံရံသီဓမ္မာရုံနေရာများတွင် အသွားအလာ ကန့်သတ်စောင့်ကြည့်နေရာ (Quarantine Centre) များ ပြင်ဆင်ဆောင်ရွက် ထားရှိမှုကို အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်စိန်က ကြီးကြပ်ပြီး မြို့နယ်စည်ပင်အဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းများမှ သန့်ရှင်းရေးပြုလုပ်ခြင်း၊ ကုတင်အိပ်ရာခင်းများနှင့် လိုအပ်သည်များကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

သတင်း - စိုးယုလှိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)