ကျောက်ဆည်မြို့၌ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနရုံးဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဆည်မြို့၌ အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနရုံးဖွင့်လှစ်

 


MNP - မတ်    ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၌ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန၊  အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရုံး ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်(၉)နာရီက စုပေါင်းရုံးကြီးတွင် ပြုလုပ်ခဲ့ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြောင်း သိရသည်။

အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနအနေဖြင့် အသေးစားစက်မှုလက်မှု လုပ်ငန်းများ ထွန်းကားလာပြီး နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေမည့် အသေးစားစက်မှုလက်မှု လုပ်ငန်းများအား ဥပဒေနှင့်အညီ စနစ်တကျမှတ်ပုံတင်ပေးခြင်း၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဆိုင်ရာ အသက်မွေး ဝမ်းကျောင်းပညာများ သင်ကြားပေးခြင်း၊ ရိုးရာယက်ကန်းနှင့် ယွန်းထည်လုပ်ငန်းအတတ်ပညာ ဒီပလိုမာအဆင့် သင်ကြားပေးခြင်း၊ အသေးစားစက်မှုထုတ်ကုန်များ အရည်အသွေးမှန်ကန်မှုနှင့်ဘေးအန္တရာယ်ကင်းရှင်းမှုရှိရန် ဓာတ်ခွဲစစ်ဆေးခြင်း၊ သုတေသနနှင့် ဖွံ့ဖြိုးရေးများ ထူထောင်ပြီးအသေးစားစက်မှုလက်မှု လုပ်ငန်းရှင်များကို ပံ့ပိုးကူညီမွေးထုတ်ပေးခြင်း၊ အသေးစားစက်မှုလက်မှု ထုတ်ကုန်များ နည်းပညာနှင့် ဈေးကွက်ဖွံ့ဖြိုးရေး ဆောင်ရွက်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနရုံးဖွင့်ပွဲ အခမ်းအနားသို့ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းနှင့် ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်ထွန်း၊  ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်ဇေယျာဝင်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ဦးစီးမှူးဦးဝင်မြင့်နှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှဦးစီးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေး၊ မြို့နယ်သမဝါယမ အသင်းစုဥက္ကဋ္ဌ ဦးကျော်သန်းနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း - သက်မောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)